စာဖတ်ကြမှ ခေါင်းဆောင်ကောင်းကို ရွေးချယ်နိုင်မှာပါ အကယ်ဒမီ ခန့်စည်သူ

ခန့်စည်သူက “စရိုက်ကမိုက်တယ်” ဆိုတဲ့ ဇာတ်ကားကို ခိုင်သင်း ကြည်နဲ့ ရိုက်ကူးနေပါတယ်။ ဒီ ဇာတ်ကားမှာတော့ စာရေးတာကို ဝါသနာပါတဲ့သူ တစ်ယောက် အဖြစ် ခန့်စည်သူက သရုပ်ဆောင် ရတာပါ။

“မင်္ဂလာလှည်း” ဆိုတဲ့ ရုပ်ရှင်ကားကြီး ကို သက္ကလမှာ သွားရောက် ရိုက်ကူး ဖို့ စီစဉ်ထားပြီး ဇာတ်လမ်းကို ကြိုက်တဲ့ အတွက် ဝယ်ထား ပြီး အခုမှ ရိုက်ဖြစ်ကြောင်းပြောပြတဲ့ ခန့်စည်သူက..
“ပြေတီဦး၊ နေမင်း၊ စိုးမြတ်သူဇာ၊ မိုးဟေကို တို့ပါမယ်။ ခရေဖြူ ထုတ်လုပ်ရေး က ရိုက်တာ။ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) နဲ့ရိုက် မှာ။ နေမင်းနဲ့ တစ်ခါမှတော့ တွဲ မရိုက်ဖူးဘူး။ ဇာတ်ကို အရင်ကတည်းက ကြိုက်လို့ ဝယ်ထားတာ။ ဟာသကားလေးပါပဲ။ ဇာတ်တွေက တအား ကြိုက်လို့ ဝယ်ထားတာတွေ အများကြီး ရှိတယ်။ ကိုယ်တိုင်လည်း ပုံဖော် ချင်တဲ့ဇာတ်တွေ ရှိတယ်။ တချို့ ကားတွေဆို ကိုယ်မပါလည်း ရတယ်။ ဇာတ်ကို တအား ကြိုက်တာ။ စာရေးဆရာမ မြနှောင်းညို၊ ဆရာ မ ရွှေကူမေနှင်း၊ ဆရာမ မစန္ဒာ၊ ဆရာမ ခင်ခင်ထူး တို့ရဲ့ ဝတ္ထုတွေကို ကြိုက်တယ်။ ဝတ္ထု တွေကိုဖတ်ရင် ဟာသကားတွေ ရိုက်ရဲပေမယ့် တကယ်တမ်း ကိုယ် က ပြန် ရိုက် ချင်တဲ့ ဇာတ်တွေက လူ့ အခွင့်အရေးနဲ့ ပတ်သက်တဲ့ ဇာတ်၊ မြန်မာ အမျိုးသမီး တစ်ယောက် ရဲ့ဇာတ်၊ စာပေရဲ့ အရေးကြီးတာကို ဖော်ကျူးတာ။ စာမတတ်သူ ပပျောက်ရေး နဲ့ ပတ်သက်တာတွေ ကို ရိုက်ချင်တယ်။

၂ဝ၁၄၊ ၂ဝ၁၅ မှာ နိုင်ငံရေး အပြောင်းအလဲ ကြုံတွေ့စရာတွေ ရှိတော့ ဘယ်လိုတွေ ဆိုတာ သိနိုင် တယ်။ ပြည်သူတွေကို စာဖတ်စေချင်တယ်။ ဒီလို စာတွေ ဖတ်ထားမှ၊ သူများနိုင်ငံမှာ ဘယ်လိုတွေ တိုးတက်နေပြီ ဆိုတာ သိထားမှ ခေါင်းဆောင်ကောင်း ကို ရွေးချယ်နိုင် မှာပါ။ ဒါမှကိုယ်တိုင်လည်း တိုးတက်မယ်၊ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံ တိုးတက်မှာလေ။ အခုခေတ်မှာလူတွေ အားလုံး စာဖတ်ဖို့ အတွက်ကိုလည်း တိုက်တွန်းချင် တယ်”လို့ ပြောပြပါတယ်။

ခန့်စည်သူ ပါဝင်တဲ့ “မေတ္တာသင်္ဂဟ” အဖွဲ့က လစဉ် လိုအပ်တဲ့နေရာတွေ မှာ လှူဒါန်းနေပေမယ့် ဒီတစ်လမှာ တော့ ပါဝင်ကြတဲ့ အဖွဲ့သားတွေ အလုပ် တွေ မအားတာကြောင့် လူမစုဖြစ်သေးဘဲ ဒီလ အလှူကို မစီစဉ်ဖြစ်သေးတာကြောင့် မသေချာသေးဘူး လို့လည်း အလှူနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

မေမွန်မောင်

"စာဖတ်ကြမှ ခေါင်းဆောင်ကောင်းကို ရွေးချယ်နိုင်မှာပါ အကယ်ဒမီ ခန့်စည်သူ"

SHARE THIS
Previous Post
Next Post