ထောင်ထဲကို ပစ္စည်းခိုးသွင်းဖို့ ကြောင်ကို အသုံးပြု

Sunday, 06 January 2013 ၂၀၁၃ နှစ်သစ်ကူးနေ့ မတိုင်ခင်တစ်ရက်က ဘရာဇီးနိုင်ငံ Arapiraca မြို့က ထောင်တစ်ခုရဲ့ ဂိတ်ဝထဲကို အဖြူရောင် ကြောင်တစ်ကောင် ဖြတ်ဝင်သွားလို့ ရဲတွေက မသင်္ကာဖြစ်ပြီး ဖမ်းလိုက်ပါတယ်။ ရဲတွေက ကြောင်ရဲ့ကိုယ်ပေါ်မှာ ဆဲလ်ဖုန်း၊ လွန်ပူ၊ လွှအသေး၊ ကော်ကပ်တိပ် တွေကို ရှာဖွေတွေ့ကြောင်း သိရပါတယ်။ ထောင်ထဲက အကျဉ်းသား၂၆၃ ယောက်စလုံးကို သံသယရှိနေပြီး ထောင်ထဲကို ပစ္စည်းခိုးသွင်းဖို့ ကြိုးစားတာလို့ ယူဆကြောင်း ဆိုပါတယ်။ ဒါပေမဲ့ ကြောင်က စကားမပြောတတ်တော့ ဘယ်သူက တရားခံဆိုတာ ဖော်ထုတ်ဖို့ ခက်ခဲမှာဖြစ်ကြောင်း အကျဉ်းထောင်က ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောပြပါတယ်။ (အေပီသတင်း - ၁၊ ၅၊ ၂၀၁၃)

SHARE THIS
Previous Post
Next Post