သွားဘက်ဆိုင်ရာ ဆေးပညာ ဘွဲ့ရ ဆရာဝန် (အမျိုးသမီး) အမှတ်စဉ်(၁) သင်တန်း ဆင်းပွဲနှင့် ပြန်တမ်းဝင် အရာရှိ ခန့်အပ်ခြင်း အခမ်းအနား ကျင်းပ

သွားဘက်ဆိုင်ရာ ဆေးပညာ ဘွဲ့ရ ဆရာဝန် (အမျိုးသမီး) အမှတ်စဉ်(၁) သင်တန်း ဆင်းပွဲနှင့် ပြန်တမ်းဝင် အရာရှိ ခန့်အပ်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၄ ရက် နံနက် ၈ နာရီခွဲက ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ် ဗဟို ဆေးတပ်၌ ကျင်းပ ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းမြင့်၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦး၊ ဆေးဝန်ထမ်း ညွှန်ကြားရေး မှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးမြင့်သိန်း၊ မှော်ဘီ တပ်နယ်မှ တပ်နယ်မှူးနှင့် တပ်ရင်း တပ်ဖွဲ့မှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ ကျောင်းဆင်း ဗိုလ်လောင်းများ၏ မိဘဆွေမျိုး များနှင့် တာဝန်ရှိ သူများ၊ ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းမြင့်က ကျောင်းဆင်း ဗိုလ်လောင်း များအား ပြန်တမ်းဝင် အရာရှိ ခန့်အပ်လွှာများ ချီးမြှင့်ပြီး သင်တန်းဆင်း အမှာစကား ပြောကြားသည်။

အဆိုပါ သင်တန်းအား အရည်အချင်း ပြည့်ဝသော သွားဘက်ဆိုင်ရာ ဆေးပညာ ဘွဲ့ရ ဆရာဝန် အမျိုး သမီးများ အဖြစ် မွေးထုတ်ပေးရန် ရည်ရွယ်ကာ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်ထိ ဖွင့်လှစ်သင်ကြား ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။

http://www.myawady.net.mm/allnews/local/item/5385-2013-01-26-08-56-00#.UQPkwJ28B8E

SHARE THIS
Previous Post
Next Post