နိုင်ငံခြားမှ တင်သွင်းသောကားများကို အခွန်ပုံစံအသစ်ဖြင့် အနာဂတ်တွင်ကောက်ခံမည်

ရန်ကုန်၊ ဇန်န၀ါရီ ၂၆၊

နိုင်ငံခြားမှတင်သွင်းသောကားများကို အကောက်ခွန်ဌာနမှ
အနာဂတ်တွင် အကောက်ခွန်ကောက်ခံမှု ပုံစံအသစ်ဖြင့်
ကျင့်သုံးသွားရန် အစီအစဉ်ရှိကြောင်း သိရသည်။

အကောက်ခွန်ဌာနမှ အနာဂတ်တွင် ကားရောင်းသူနှင့်
ဝယ်သူနှစ်ဖက်စလုံးမှ ကားတန်ဖိုးစာရင်းမှန်ကို ဖော်ပြရ
မည်ဖြစ်သည်။ အကောက် ခွန်ဌာနမှ တင်ပြသောကား
တန်ဖိုးမှာ ပြင်ပပေါက်ဈေးတွင် မှန်ကန်မှုရှိမရှိကို စစ်ဆေး
မှုများပြုလုပ်ပြီး မှန်ကန်မှုမရှိလျှင် အရေးယူမှု ဆောင်ရွက်မည့် ပုံစံဖြစ်ကြောင်း အကောက်ခွန်ဌာန ထုတ်ကုန်သွင်းကုန်
ကြီးကြပ်ရေးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဆွေက
ဇန်နဝါရီလ ၂၆ရက်နတွင် အကောက် ခွန်ဦးစီးဌာန၌ ကျင်းပ
ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင်
ပြောကြားသည်။

“ကားရောင်းသူကလည်း မညာတမ်း ကားဝယ်သူကလည်း
မလိမ်တမ်း အမှန်တကယ် အရောင်းအဝယ်ဖြစ်တဲ့ တန်ဖိုး
ကိုပြမှ အမှန်တကယ် အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါ
တယ်။ ကားတန်ဖိုးကို အမှန်တကယ်ပြလား မပြလားဆိုတာ ကို ပြင်ပမှာပေါက်တဲ့ ပေါက်ဈေးနဲ့ ညီမညီကို နောက်ပိုင်းမှာ စာရင်းစစ်တဲ့သူတွေနဲ့ လိုက်စစ်မယ်။”ဟု ဦးဆောင်ညွှန်ကြား
ရေးမှူး ဦးသိန်းဆွေက ပြောကြားသည်။

လက်ရှိတွင် ထိုစနစ်ကိုကျင့်သုံးနိုင်ခြင်းမရှိသေးခြင်းမှာ အကောက်ခွန်စည်းကြပ်မှုနှင့် ပတ်သတ်သော စည်းမျဉ်း များကို ပြင်ဆင်မှု ပြုလုပ်နေ ခြင်း ကြောင့် ဖြစ်ကြောင်း၊
ပြင်ဆင်မှုပြီးစီးပါက Expoter ၊ Importerများအနေဖြင့်
တန်ဖိုးအမှန်ကို တင်ပြရန် လိုအပ်ကြောင်း သိရသည်။

ဆုဝေ

မှ The Myanma Age

အေးချမ်းမွန်မှ  The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post