သနပ်ပင်မြို့နယ်မှ မြေလွတ်မြေရိုင်းများကို စစ်တပ်ပိုင်မြေဖြစ်သည်ဟုဆိုကာအဓမ္မသိမ်းယူ

၁၉၉၃ ခုနှစ်က ပဲခူးတိုင်း၊သနပ်ပင်မြို့နယ်၊
လှာပကစ်ကျေးရွာအုပ်စုအတွင်းရှိ မြေလွတ်မြေရိုင်းများကို 
ကျေးရွာနေ တောင်သူလယ်သမား(၅၂)ဦးက မိမိတို့လုပ်အားဖြင့် 
ခုတ်ထွင်ရှင်းလင်း၍လယ်ယာမြေများ
 ဖော်ထုတ်လုပ်ကိုင်ခဲ့ကြပါသည်။
၁၉၉၄ ခုနှစ်ကုန်ပိုင်းတွင် စစ်တပ်ပိုင်မြေဖြစ်သည်ဟုဆိုကာ
 ဗိုလ်ကြီးမျိုးစိမ့်က အဓမ္မသိမ်းယူခဲ့ပါသည်။ 
သို့သော် ထိုလယ်ယာမြေများပေါ်တွင် စစ်တပ်ကသော်လည်းကောင်း၊ နိုင်ငံတော်ကသော်လည်းကောင်း မည်သည့်စီမံကိန်း၊ မည်သည့်အဆောက်အဦမျှ
 ဆောက်လုပ်ခဲ့ခြင်းမရှိသဖြင့် မူလခုတ်ထွင်ရှင်းလင်း၍ လယ်ယာမြေဖော်ထုတ်ခဲ့ကြသော 
လယ်သမားကြီးအချို့က ၂၀၁၁ ခုနှစ်တွင် လယ်ယာလုပ်ငန်းပြန်လည်လုပ်ကိုင်ရန် ကြိုးစားခဲ့ကြပါသည်။
ထိုအခါကျမှ ယခင်က လယ်ယာမြေသိမ်းယူခဲ့သော 
ဗိုလ်ကြီးမျိုးစိမ့်၏သမီးဆိုသူ ဒေါ်ခင်စံပယ်စိမ့် ရောက်ရှိလာပြီး
၎င်းပိုင်လယ်မြေများဖြစ်သည်ဆိုကာ ဌာနဆိုင်ရာ
အာဏာပိုင်ပုဂ္ဂိုလ်များနှင့်ပူးပေါင်း၍ အကောက်ကြံကာ 
လယ်သမားကြီးများကို အမှုဆင်ဖမ်းဆီး၍ 
အချုပ်ထဲထည့်ခြင်းပင်ဖြစ်ပါသည်။
 လယ်သမားကြီးဦးတင်စိုးကို
၅/၁(စ)(ဆ) ခြေချုပ်ပုဒ်မဖြင့်
 ဖမ်းဆီးအရေးယူထားခြင်းဖြစ်ပါသည်။

ဖမ်းဆီးအရေးယူထားခြင်းဖြစ်ပါသည်

SHARE THIS
Previous Post
Next Post