အဆင့်မြင့် ရုပ်ရှင်ရုံများ တည်ဆောက်လာတာ ကောင်းကြောင်း အကယ်ဒမီ ဝါဝါဝင်းရွှေပြော

ရုပ်ရှင်ရုံ အရေအတွက် နည်းသွားပြီး အခုအချိန်မှာ ရုံများအစားထိုး တည်ဆောက်လာတဲ့ အပေါ်ထပ်ဆင့် နဲ့ တွေ့ဆုံခိုက် သူ့ရဲ့ အမြင်ကို မေးကြည့်တော့ “အခုနောက်ပိုင်းအဆင့်မြင့် ဒစ်ဂျစ်တယ်ရုံတွေ တည်ဆောက်လာကြတာ ပရိသတ်တွေလည်း လက်ခံလာတာကို အားရစရာတွေ့ရပါတယ်။ အနုပညာ တွေကို ချစ်မြတ်နိုးတဲ့စိတ်နဲ့ ပရိသတ်တွေဟာ အမြဲအားပေး ပါတယ်။ နောက်ပိုင်းရုံတွေက ဟောင်းသွား တာများတော့ အခုဆို ရုံအသစ်တွေ ခေတ်မီမီ နဲ့ အဆင့်အတန်း မြင့်မြင့် လုပ်လာတာ တအားကောင်းတယ်။ အန်တီဝါရဲ့ ဆုထူးပန် တာဝါမှာလည်း အဆင့်မြင့် နောက်ဆုံးပေါ် ဒစ်ဂျစ်တယ်ရုံ ၂ရုံပါမယ်။ ပရိုဂျူဆာတွေ အနုပညာရှင်တွေ က ဒီလိုရုံအသစ်တွေ ပြန်ပြီး များလာတဲ့အခါမှာ ပိုပြီး လုပ်အားရှိလာမယ်။ ဇာတ်ကားတွေ လည်း အထွက်များလာမယ်။ ရုံရှိ တယ်ဆိုပြီး ထုတ်လုပ်သူတွေလည်း အားရှိလာ မှာပါ။ ရုံမကောင်းရင် ပြသမှုဘက်မှာကျဆင်းမှာလေ”လို့ ပြောပြခဲ့ပါတယ်။ အန်တီဝါက သရုပ်ဆောင် အနုပညာရှင်လည်း ဖြစ်တယ်။ ထုတ်လုပ်သူ လည်း ဟုတ်သလို ရုံပိုင်ရှင်လည်းဟုတ်တယ် ဆိုတော့ ကိုယ့်ရုံကို ပရိသတ်တွေ စိတ်ဝင်စားအောင် ဘယ်လိုမျိုး လုပ်ဆောင်လဲဆိုတာ ပြောပေး ပါဦးဆိုတော့“ကိုယ့်ရုံကို ပရိသတ်တွေ စိတ်ဝင်စားအောင် ခုဆို နောက် ဆုံးပေါ် ဒီဂျစ်တယ် နည်းပညာအသုံး အဆောင်တွေကိုပဲ ထည့်သွင်း အသုံးပြုဖို့ စီစဉ်ထားတယ်။ ဝန်ဆောင်မှု ပိုင်းမှာလည်း ပရိသတ်တွေ စိတ်ကျေနပ်အောင် ပေးမှာပါ”လို့ ပြောပြခဲ့ပါတယ်။ ရုပ်ရှင်ရုံတွေနည်းလာတဲ့အခါမှာ ပြသမှုဘက် အားနည်းသလိုပဲ ဝင်ငွေ လည်း လျော့သွားတဲ့အပေါ် ဘယ်လိုမြင်မိလဲလို့ မေးကြည့်တော့ “ဝင်ငွေတွေ လျော့သွားတာ စိတ်မကောင်းစွာ မြင်မိတယ်။ အန်တီဝါ တို့ ခေတ်တုန်းက ဆိုရင် ရုပ်ရှင်ကား ၁၂ဝ ထွက်တယ်။ တဖြည်းဖြည်း နည်းလာပြီး ခုဆိုရင် ၁၅ကားပဲ ကျန်ပါတော့တယ်။ တကယ်လို့များ ရုံကောင်းတွေ များများပြန်ပေါ်လာရင် ရုပ်ရှင် လုပ်သားတွေလည်း အားသွန် ခွန်စိုက်ရိုက်လာမယ်။ ပရိုဂျူဆာတွေလည်း ငွေကိုရဲရဲဝံ့ဝံ့ စိုက်ထုတ် ပြီး ဇာတ်ကားကောင်းတွေ ပေါ် ထွက်လာအောင် ရိုက်ကြမယ်။ အဆင့်မြင့်တဲ့ ကားတွေထွက်လာမယ်။ အဆင့်မြင့်တော့ ဝင်ငွေတွေ ပြန်ကောင်း လာမယ်။ ကောင်းရင် ဆက်လုပ်ကြမယ်။ အရည်အချင်းရော၊ အရေအတွက်ရော ပိုများလာမယ်လို့ ယုံတယ်””လို့ ပြောပြခဲ့ပါတယ်။ ဒီဗီဒီဇာတ်ကားတွေ အရိုက်လျှော့ထားတယ်လို့ သိရပြီး ဒီလိုမျိုး ကန့်သတ်ရင် ရုပ်ရှင်ဇာတ်ကားတွေ အတွက် ဘယ်လိုသက် ရောက်မှု အကျိုးတွေရရှိနိုင်မှာလဲ လို့မေးကြည့်တော့ “ဒီဗီဒီဇာတ်ကားတွေ လျှော့ချဖို့အတွက် အစည်းအဝေးတွေ ထပ်ပြီး ထိုင်မယ်။ ဒီဗီဒီကိုလျှော့ချလိုက်တာနဲ့ ဒီရုပ်ရှင်ကို ဘယ်လိုပြန်မြှင့်တင် မလဲဆိုတာကို အဖြေရှာကြမယ်။ တိုင်ပင်ကြမယ်။ အကောင်းဘက်များ မှာပါ”လို့ပြောပြခဲ့ပါတယ်။ ထူးထူး

SHARE THIS
Previous Post
Next Post