ပြည်တွင်း ကစားသမား အေးဂျင့်များ မွေးထုတ်ပေးရန် စီစဉ်

ရန်ကုန်၊ ဇန်န၀ါရီ ၁။ မြန်မာနိုင်ငံတွင် ဘောလုံးကစားသမား အေးဂျင့်များ မွေးထုတ်ပေးရန် အစီအစဉ်များ ပြုလုပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးရဲမျိုးဟိန်းက ပြောကြားသည်။ “ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်နဲ့ အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ အကူအညီနဲ့ ပြည်တွင်း ကစားသမား အေးဂျင့်တွေ မွေးထုတ်ပေးနိုင်ဖို့ လုပ်နေပါတယ်။ သင်ရိုးညွှန်းတန်း တွေကိုလည်း ကိုင်ထားပါပြီ” ဟု ဦးရဲမျိုးဟိန်းက ပြောကြားသည်။ သင်တန်းပြီးဆုံးပါက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ကစားသမား အေးဂျင့်လက်မှတ် ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်းများနှင့် ကစားသမားများ စာချုပ် ချုပ်ဆိုသောအချိန်တွင် ပြဿနာအချို့ တက်ခဲ့သည့်အတွက်ကြောင့် ယခုကဲ့သို့ အေးဂျင့်များမှ ဖြေရှင်းနိုင်ရန် ဆောင်ရွက်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဘောလုံးသမားများ အနေဖြင့် ကစားသမား အဖွဲ့အစည်း များ တည်ထောင်သင့်ကြောင်း၊ ကစားသမားများကို စာချုပ်နှင့် ပါတ်သတ် သည့် အသိပညာများ ပေးသွားရန် လိုအပ်ကြောင်း လုပ်သားနှင့် လုပ်ငန်းခွင် ရေးရာ အတိုင်ပင်ခံစင်တာမှ ကိုချစ်ဦးမောင်က ပြောကြားသည်။ ဟိန်းသူ

SHARE THIS
Previous Post
Next Post