ICRC အဖွဲ့မှ နိုင်ငံခြားသားများ မြောက်ဦးတွင် လူမှုအဖွဲများနှင့်တွေ့ဆုံကာ စည်းရုံးသိမ်းသွင်းမှုများပြုလုပ်လာခြင်း ရခိုင်များကလက်ခံ

ICRC အဖွဲ့မှ နိုင်ငံခြားသားများ မြောက်ဦးတွင် လူမှုအဖွဲများနှင့်တွေ့ဆုံကာ စည်းရုံးသိမ်းသွင်းမှုများပြုလုပ်လာခြင်း ရခိုင်များကလက်ခံ
----------------------------------------------------------------
ICRC အဖွဲမှ ရခိုင်ပြည်နယ် တာဝန်ခံနဲ့ အခြားအဖွဲ့ဝင် ၅ ဦးပါဝင်သော အဖွဲ့သည် ယခု ဇန်န၀ါရီလ၂၆ ရက်နေ့ ညနေပိုင်း ၅နာရီအချိန်ခန့်က မြောက်ဦးမြို.မှ လူမှုအဖွဲ့အစည်းများနှင့် မြောက်ဦးမြို့ရှိ ရွှေသဇင်ဟိုတယ် တွင်တွေဆုံကာ မြို့သူမြို့သားများကို စည်းရုံးသိမ်းသွင်းသောစကားများပြောဆိုခဲ့ ကြောင်းသိရသည်။
ထိုတွေ့ဆုံပွဲသို့ ရတနာပါလနာရေးအသင်း၊ ဂရုဏာသွေးလှုရှင်အသင်း၊ရခိုင်လူငယ်ကွန်ယက်၊ မြောက်ဦး ပညာရေး ဖောင်ဌေးရှင်းနှင့်အခြားအဖွဲ့များမှတာဝန်ရှိသူများတက်ရောက်ခဲ့ပြီး၊ တွေ.ဆုံပွဲ၌ ICRC အဖွဲ့မှ ပြောကြားရာတွင်နိုင်ငံတကာရဲ့ လက်အောက်မဟုတ်ဘဲ လုပ်ဆောင်နေတာသာဖြစ်ကြောင်း၊ မည်သည့် နိုင်ငံ၊ မည်သည့်အဖွဲ့၏ သြဇာကိုမှ ခံယူနေခြင်းမဟုတ်ကြောင်းနှင့် ကုလားများရှိသော ကျေးရွာများတွင် ကယ်ဆယ်ရေး လုပ်မဲ့အကြောင်း တွေပြောကြားခဲ့သည်ဟုသိရသည်။ 
သို့သော်လည်းယင်းနှင့်ပတ်သက်ပြီး တက်ရောက်ခဲ့သူတစ်ဦးက"သူတို.က ဘယ်လိုဘဲပြောပြော အရင် တုန်းကလည်း နိုင်ငံတကာ အဖွဲ့တွေရဲ့ ဘက်လိုက်မှု..သွေးထိုးမှုတွေကြောင့် ရခိုင်မှာ ပြဿနာကြီးတွေ ဖြစ်လာခဲ့တယ်။ ခုလည်းဘယ်လိုမှ မယုံကြည်နိုင် ဘူး။ ဒီလူတွေဟာ သူတို့ရဲ့ စည်းကမ်းစည်းမျဉ်းကိုဖောက်ပြီး ဒေသခံတွေအလိုကျမဟုတ်ဘဲ ဌာနဆိုင်ရာတွေနဲ့ ပေါင်းပြီး ကုလားတွေကို သီးသန့်ကူညီဖို့ ရောက်လာတာဖြစ်တယ်လို့ မြင်ပါတယ်" ဟု ပြောပါသည်။ 
ရခိုင်လူမျိုးတွေ ကျေနပ်စေရန်အတွက် ဆေးရုံများတွင် လိုအပ်သော ရေနဲ့မိလ္လာစနစ်တွေလှူဒါန်းမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ သို့သော်လည်း လောလောဆယ် တွင် မြောက်ဦး ၌ရှိသည့် ထောင်နှင့်ချီသော ရခိုင်ဒုက္ခသည်များအတွက် မည်သည့်အရာမှလုပ်ဆောင်ပေးခြင်းမရှိသေးသည့်အတွက် ယုံကြည်ရန် လုံးဝမဖြစ်နိုင်ကြောင်း၊ ဘင်္ဂလီများဖြစ်သော  ယိုင်သည်ကုလား ရွာအတွက် လိုအပ်မှုများကိုသာဆောင်ရွက်ပြုလုပ်ပေးနေသိရသည်။ 
ထိုသို့မက်လုံးပေးပြီး စည်းရုံးသိမ်းသွင်းပါက လည်း မြောက်ဦးဒေသခံများအနေဖြင့် လုံးဝလက်ခံမည် မဟုတ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရမှ လိုအပ်သည်များကို ကူညီပေးလျင်ပေး၊ မပေးလျင် သူတို့ပေးသည် ကို လက်ခံမည်မဟုတ်ကြောင်းလည်း ပြောပါသည်။ 
ICRC အဖွဲ့သည် ၂၀၀၄ ခုနှစ်မှ စတင်ပီးမြန်မာအစိုးရနှင့် မသင့်မြတ်မှူကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ရသောအဖွဲ့ဖြစ်သည့်အဖွဲ့ဖြစ်သည့် အပြင် ရခိုင်ပြည်နယ်အတွင်း၊နာဂစ်နှင့်.ဂီရီမုန်းတိုင်း တိုက်ခတ်ခဲ့စဉ်ကာလကလည်း လာရောက်ကူညီခဲ့ခြင်းမရှိခဲ့ဘဲယခု ဘင်္ဂလီများနှင့် ပြဿနာဖြစ်ပြီးမှ ရခိုင် သို့လာရောက်သောအဖွဲ့အစည်းဖြစ်ပါသည်။
လက်ရှိတွင်လည်း သူတို့လုပ်ကိုင်နေသည်မှာ နိုင်ငံတကာစံချိန်စံနုန်းများဖြင့် လုပ်ဆောင်နေခြင်းမဟုတ် သည့်အပြင် စည်းကမ်းကိုလိုက်နာကျင့်သုံးမှုမရှိဘဲ အဓိကစည်းကမ်းဖောက်ဖျက်သူများမှာ နိုင်ငံခြားအဖွဲ့ အစည်းများသာဖြစ်ကြောင်းနှင့်  ဘင်္ဂလီများကိုသာသီးသန့် အားပေးအားမြှောက်ပြုနေသောအဖွဲ့အစည်း များဖြစ်ပြီး ရခိုင်နှင့်ဘင်္ဂလီများအား ထပ်မံ ခိုက်ရန်ဖြစ်ပွားအောင် လှုပ်ဆော်သောအဖွဲ့အစည်းများသာ ဖြစ်ကြောင်းလည်း လေ့လာသူများကဆိုသည် ။ 
သူတို့၏လမ်းစဉ်မှာ ကျောထောက်နောက်ခံပေးသောအဖွဲ့၏ သဘောထားအတိုင်းအောင်မြင်အောင်နည်း လမ်းမျိုးစုံဖြင့် ဆောင်ရွက်ရန်သာဖြစ်ပြီး ခံစားချက်၊လူသားချင်းစာနာချက်များလည်း အမှန်တကယ်မရှိ သည့်အဖွဲ့အစည်းများသာဖြစ်ကြောင်း ယင်းအဖွဲ့အစည်းတွင် အမှုထမ်းခဲ့သူတစ်ဦးကပြောပါသည်။ 
အပြင်ပန်းသဏ္ဍာန်တွင် ကောင်းအောင်လုပ်ဆောင်ပြနေသော်လည်း ဘင်္ဂလီများ၏ အဓိကကျောထောက် နောက်ခံအဖွဲ့များမှ စေလွှတ်ခြင်း သာဖြစ်ကြောင်းလည်း သုံးသပ်ကြပါသည်။

အပြင်ပန်းသဏ္ဍာန်တွင် ကောင်းအောင်လုပ်ဆောင်ပြနေသော်လည်း ဘင်္ဂလီများ၏ အဓိကေ
ကျာထောက် နောက်ခံအဖွဲ့များမှ စေလွှတ်ခြင်း သာဖြစ်ကြောင်းလည်း သုံးသပ်ကြပါသည်။
 
RSV

SHARE THIS
Previous Post
Next Post