စင်ကာပူတွင် M1 ဆက်သွယ်ရေးကုမ္ပဏီက အခမဲ့ ဝန်ဆောင်မှုများပေးမည်

စင်ကာပူနိုင်ငံမှ ဆက်သွယ်ရေးကုမ္ပဏီ MobileOne (M1) ၏ မိုဘိုင်းဖုန်းဝန်ဆောင်မှုကို postpaid စနစ်ဖြင့် ရယူထားသူများ
အတွက် ပြည်တွင်း ဖုန်းခေါ်ဆိုမှု၊ SMS၊ MMS ပေးပို့မှုနှင့် Data Servies အသုံးပြုခြင်းတို့ကို ဖေဖေါ်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ အခမဲ့ ခွင့်ပြုပေးသွားမည်ဖြစ်သည်။

ထို့အတူ prepaid စနစ်ဖြင့် ဝန်ဆောင်မှု ရယူထားသူများအတွက်လည်း စင်ကာပူ ၁၇ ဒေါ်လာတန် prepaid ကတ် ဝယ်ယူပါက တစ်ဒေါ်လာဖိုး အပိုဆုအဖြစ် သုံးစွဲခွင့်ရရှိမည် ဖြစ်သည်။ M1 သည် ၎င်း၏ မိုဘိုင်း
ကွန်ရက် ပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ခြင်းအတွက် နှစ်သိမ့်သည့်အနေဖြင့် ယခုကဲ့သို့ အခမဲ့ဝန်ဆောင်မှုများ ပေးလာခြင်းဖြစ်ကြောင်း Channel NewsAsia က ဖော်ပြသည်။

Planet Myanmar Network


SHARE THIS
Previous Post
Next Post