ဂျပန်နိုင်ငံသား Mr.HASEGAWA WATARU ပျောက်ဆုံးမှု

နေပြည်တော်၊

ဇန်န၀ါရီ ၁၇ ၁၄-၁-၂၀၁၃ ရက်နေ့ ၀၅၃၀ အချိန်တွင် ဗဟန်းမြို့နယ် Golden Hill Tower အခန်းအမှတ်(၆၀၃)တွင် တည်းခိုနေထိုင်သူ JFE ကုမ္ပဏီလက်ထောက်မန်နေဂျာ၊ ဂျပန်လူမျိုး Mr.HASEGAWA WATARU (၂၉)နှစ်သည် အပြင်သို့ထွက်သွားရာမှ ပြန်မလာဘဲ ပျောက်ဆုံးနေ၍ JEF ကုမ္ပဏီမှ ဦးအောင်စိုးမင်းက ဗဟန်းရဲစခန်းသို့ လာရောက်တိုင်တန်းသဖြင့် ဗဟန်းရဲစခန်း လူပျောက် အမှတ်စဉ်(၂/၂၀၁၃)ဖြင့် လူပျောက်မှု ရေးဖွင့်ခဲ့သည်။ ဂျပန်နိုင်ငံသား Mr.HASEGAWA WATARU မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိနေထိုင်သူဖြစ်ပြီး ၄င်း၏ပုံသဏ္ဍာန်မှာ ဆံပင်နက်/ဘိုကေ၊ နဖူးသင့်၊ မျက်ခုံး ကောင်း၊ မျက်လုံးဖွေး၊ နှာတံပေါ်၊ နှုတ်ခမ်းပါး၊ ပါးစပ်သင့်၊ မျက်နှာဝိုင်း၊ နားသေးကား၊ မေးလုံး၊ အသားဖြူ၊ ခန်္ဓာကိုယ်သွယ်၊ ဘောင်းဘီရှည်အမြဲဝတ်ပြီး မြန်မာစကားအနည်းငယ် ပြောတတ်သူဖြစ်သည်။ ပျောက်ဆုံး စဉ်က လက်ကိုင်ဖုန်း ၀၉၄၅၀၀၆၀၃၉၀ နှင့် ခရီးဆောင်အိတ် ၁ လုံးတို့ပါရှိသွားခဲ့ပြီး ၎င်းင်းအား ပြန်လည် တွေ့ရှိရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များအတွင်း စုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။

မှ ရဲဇာနည်

အေးချမ်းမွန်မှ ရဲဇာနည်   တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post