ပင်လယ်ပြင်မှ အရိုးအရှည်ဆုံးငါး - Oarfish

Oarfish တွေဟာ ပင်လယ်ထဲမှာ အကြီးဆုံး အလျှားအရှည်ဆုံးနဲ့ သူတို့ကို pelagic lampriform fish မျိုးနွယ်တွေလို့ လူတွေသိကြတယ် ။ Family ကတော့ Regalecidae ဖြစ်ပါတယ် ။ အပူပိုင်းဒေသပင်လယ်ပြင်တွေမှာ ကျက်စားပေမယ့် တွေ့ရဖို့တော့အလွန်ပဲ ခဲယဉ်းလှပါတယ် ။ 

Herring လို့ခေါ်တဲ့ ငါးသလောက် မျိုးနွယ်ဟင်တွေထဲမှာ သူဟာ King of Herring ဖြစ်ပြီး ဂင်းနစ်မှတ်တမ်းစာအုပ်မှာလည်း ၅၆ ပေအထိ ရှည်လျှားကြီးထွားနိုင်တဲ့ အရိုးပါသောငါးအဖြစ် မှတ်တမ်းတင်ခံထားရပါတယ် ။ 

Oarfish တွေဟာ ပုံမှန်အားဖြင်တော့ zooplankton ( အပင် + အသား ) စားကြပြီး ပုဇွန် နဲ့အခွံမာရေနေသတ္တ၀ါတွေကိုလည်းစားသုံးကြတယ် ။ ငါးသေးသေးလေးတွေနဲ့ ဂျယ်လီငါး ကင်းမွန်တို့ကိုလည်းစားသုံးပါတယ် ။ ပင်လယ်နေရေသတ္တ၀ါကြီးများအုပ်စုမှလည်း Oarfish တွေပါဝင်ကြပါတယ် ။ 

သက်တန့်ချို
Source: Wikipedia

SHARE THIS
Previous Post
Next Post