ရီဟားနားကို နှိပ်စက်သော ခရစ်စ်ဘရောင်း UK ဝင်ခွင့်အပိတ်ခံခဲ့ရဖူး

Tuesday, 15 January 2013

၂၀၁၁ ခုနှစ် အောက်တိုဘာလက ဗြိတိန်ကို ဖျော်ဖြေရေးပွဲ တစ်ခုသွား ဖို့အတွက် ဗြိတိန်အစိုးရတို့က ပိတ်ပင်ခဲ့ခြင်း ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်က ချစ်သူ ရီဟားနားကို ကိုယ်ထိလက်ရောက် ရိုက်နှက်ဆုံးမခဲ့ ဖူးတဲ့ ရာဇဝင်ကြောင့် ဗြိတိန်က ဗီဇာပိတ်လိုက်ခြင်း ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလက ဖြစ်ရပ်တစ်ခုဖြစ်ပြီး အဆိုတော် ရီဟားနား တစ်ယောက် ဆေးရုံရောက်ရတဲ့အထိကို အဖြစ်ဆိုးခဲ့ပါတယ်။ ခရစ်စ်ဘရောင်း အတွက် ၂၀၀၉ က ကံဆိုးမိုးမှောင်ကျတဲ့ နှစ် ဖြစ်ခဲ့ပါတယ်။ စာချုပ်ချုပ်ဆိုထားတဲ့ စီးပွားရေး ကုမ္မဏီ၊ ရေဒီယိုချယ်နယ်၊ အနုပညာ လုပ်ငန်း အားလုံးနီးပါး စာချုပ်အပယ်ခံခဲ့ပါတယ်။

ပြီးတော့ ယနေ့ထိလည်း တရားရင်ဆိုင်ရမြဲ ဖြစ်ပါတယ်။ community service ပေါင်းများစွာ ပြုလုပ်နေပြီး ပြစ်ဒဏ်အတွက် ပြစ်ဒဏ်အတွက် အခြား ပေးဆပ်ရတာတွေလည်း ရှိနေပါသေးတယ်။ ရီဟားနားနဲ့ ချစ်ခြင်း ပျက်ပြယ်သွားပြီး ခရစ်စ်ဘရောင်းရဲ့  အချစ်ရေးက ယနေ့အထိ အဆင် မပြေသေးပါဘူး။ အမျိုးသမီးအား ငြင်းပန်းနှိပ်စက်တဲ့ ရာဇဝင်ကြောင့်
လည်း နိုင်ငံတော်တော်များများက ရှိုးပွဲ ဆိုခွင့်တွေ အပိတ်ခံ နေရပါတယ်။

အမျိုးသမီး ပရိတ်သတ်များလည်း နည်းပါးသွားရပြီး ခရစ်စ်ဘရောင်းကို မုန်းတီးတဲ့ အဖွဲ့တွေတောင် တည်ထောင်ဆန့်ကျင်တဲ့ အထိ ဖြစ် လာပါတယ်။ ဒေါသရှေ့ ထားပြီး ချစ်သူကို နှိပ်စက်ခဲ့တဲ့ ခရစ်စဘရောင်းရဲ့  ဘဝဟာ တစ်သက်လုံး အမည်းစက် တစ်ခုလို ထင်နေတယ်ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ခန္ဓာကိုယ်မှာလည်း သူ့ရဲ့  ရီဟားနားနဲ့ အဆင်မပြေတဲ့အကြောင်းနဲ့ ပက်သက်ပြီး တက်တူးပေါင်းများစွာ ထိုးလို့ မှတ်တမ်းတင်ထားကြောင်း သိရပါတယ်။
--
Ref: cbs,wiki,DM
International news for myanmar

SHARE THIS
Previous Post
Next Post