The strongest National League in the World 2012 စာရင်းတွင် မြန်မာနေရှင်နယ်လိဂ်သည် အဆင့်(၁၂၀)တွင် ရပ်တည်

Tuesday, 15 January 2013

International Federation of Football History & Statistics (IFFHS) မှထုတ်ပြန်သော The strongest National League in the World 2012 စာရင်းတွင် မြန်မာနေရှင်နယ်လိဂ်သည် အဆင့်(၁၂၀)တွင် ရပ်တည် လျက်ရှိကြောင်းသိရသည်။

အရှေ့တောင်အာရှ လိဂ်များတွင် ထိုင်းပရီးမီးယားလိဂ် သည် ရမှတ် ၃၅၄၀ ဖြင့် အဆင့် ၄၉ တွင် ရပ်တည်လျှက်ရှိပြီး ယင်းနောက် မလေးရှားက ရမှတ် ၂၆၉၅ ဖြင့် အဆင့် ၇၄တွင်လည်းကောင်း ၊ ဗီယက်နမ် (V-League) က ရမှတ် ၂၃၃၀ ဖြင့် အဆင့် ၈၇ တွင်လည်းကောင်း ၊ စင်ကာပူလိဂ်(S-League) က ရမှတ် ၂၂၅၀ ဖြင့် အဆင့် ၈၉တွင်လည်းကောင်း၊ အင်ဒိုနီးရှားလိဂ် က ရမှတ် ၁၉၂၅ ဖြင့် အဆင့် ၉၉ တွင်လည်းကောင်း၊
မြန်မာနေရှင်နယ်လိဂ် (MNL) ကရမှတ် ၁၁၈၀ ဖြင့် အဆင့် ၁၂၀ လည်းကောင်း အသီးသီးရပ်တည်နေခြင်းဖြစ်ကြောင်းသိရသည်။

Ref; MNL
NLA
Popular Myanmar News Journal

SHARE THIS
Previous Post
Next Post