ကြေးနီစီမံကိန်းမိုင်းခွဲရာ အနီးပတ်ဝန်းကျင်မှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ယင်းမာပင်မြို့နယ် မြရိပ်ကျေးရွာ အုပ်စုရေကြည်ပင် ကျေးရွာတွင် ယခုလ ၂ ရက်နေ့ မွန်းလွဲပိုင်းက မြန်မာ-ယန်စီ ကြေးနီ စီမံကိန်း၏ ကြေးနီ ထုတ်လုပ်ရေး မိုင်းခွဲခြင်းဖြစ် ရပ်ကြောင့် မြေသား တုန်လှုပ်မှု ဖြစ်ပေါ်ကာ အုတ် ရေကန်ပြိုကျ ပျက်စီးခဲ့သဖြင့် ရေချိုးနေသူ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြောင်း ဆားလင်း ကြီးမြို့နယ် ရွာသာကျေးရွာမှ ဒေသခံ တစ်ဦးက ပြောသည်။ "ထိခိုက်ဒဏ်ရာ ရရှိသူက ဒေါ်လှဌေး (အသက် ၅၀ နှစ်) ဆိုသူ ဖြစ်ပါတယ်၊ မုံရွာဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေပါတယ်" ဟု ၄င်းက Venus News Weekly သို့ ဆက်ပြောသည်။
အဆိုပါ အုတ်ရေကန် ပြိုကျသည့် ကျေးရွာနှင့် ကြေးစင်တောင် ကြေးနီ တူးဖော်ထုတ်လုပ်ရေး စီမံ ကိန်းနယ်မြေသည် မြောက်ယမား ချောင်းခြား သော်လည်း နေ့စဉ် ကြေးနီ ထုတ်လုပ်ရေးမိုင်းများ ဖောက်ခွဲသည့်အခါ လူနေအိမ်များ တုန်လှုပ် သွားလေ့ရှိကြောင်း ၄င်းရွာခံများက ပြောဆိုသည်။ "မိုင်းခွဲချိန်မှာ မြေသားတွေ တုန်လှုပ်ပြီး ပြိုကျပျက်စီးသွားတဲ့ အုတ်ရေကန်ဟာ အလျားလေးပေ၊ အနံသုံးပေ၊ အမြင့်ရှစ်ပေခန့် ဖြစ် ပါတယ်" ဟု အဆိုပါ ဒေသခံများ က ပြောပြသည်။ ရေကန်ပြိုကျချိန်တွင်ရေကန် အနီး ရေချိုးနေသော ဒေါ်လှဌေး သည် ယာနားထင်ပေါက်ပြဲ၊ခါးနာ၊ ဝဲဒူးနှင့် လက်ကောက်ဝတ်များ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် မုံရွာ အခြေစိုက် ဒေဝကတိ လူမှုကူညီ ရေးအသင်း၏လူနာတင်ယာဉ်ဖြင့် မုံရွာဆေးရုံသို့ပို့ဆောင်ကာ အချိန်မီ ဆေးဝါးကုသမှုများ ခံယူလျက်ရှိ ကြောင်း သိရှိရသည်။ "လူနာအခြေအနေက သိပ် တော့ စိုးရိမ်စရာမရှိဘူးလို့ ပြောရ မှာပါ၊ ဒါပေမယ့် အသက်အရွယ် က ကြီးတဲ့အတွက် အထူးကြပ် မတ်ပြီး ကုသပေးနေပါတယ်" ဟု မုံရွာဆေးရုံမှ တာဝန်ကျ ဆရာဝန် တစ်ဦးက ပြောကြားသည်။ ပြီးခဲ့သည့်ဇန်နဝါရီလအတွင်း ၌ ကြေးနီထုတ်လုပ်ရေး မိုင်းခွဲမှုများ ကြောင့် ကျားတွင်းတောင်ပေါ်ရှိ ကျားတွင်း လိုဏ်ဂူကျောင်း တိုက်၏ အာဂန္တုကျောင်းဆောင် အုတ်နံရံ များမှာ အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ သည့်အတွက် ကြေးနီတူးဖော်ထုတ် လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိဝန်ထမ်း အချို့သည်ယင်းကျောင်းဆောင် ၏ အက်ကြောင်းများအား လာ ရောက်တိုင်းတာခဲ့ကြောင်း အဆိုပါ ကျောင်းတိုက်တွင် သီတင်းသုံး တော်မူသော အရှင်သာမိက မိန့် ကြားခဲ့သညCredit to : VENUS NEWS JOURNAL

ကြေးနီစီမံကိန်းမိုင်းခွဲရာ အနီးပတ်ဝန်းကျင်မှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

07 FEBRUARY 2013  | BY VENUS NEWS JOURNAL

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ယင်းမာပင်မြို့နယ် မြရိပ်ကျေးရွာ အုပ်စုရေကြည်ပင် ကျေးရွာတွင် ယခုလ ၂ ရက်နေ့ မွန်းလွဲပိုင်းက မြန်မာ-ယန်စီ ကြေးနီ စီမံကိန်း၏ ကြေးနီ ထုတ်လုပ်ရေး မိုင်းခွဲခြင်းဖြစ် ရပ်ကြောင့် မြေသား တုန်လှုပ်မှု ဖြစ်ပေါ်ကာ အုတ် ရေကန်ပြိုကျ ပျက်စီးခဲ့သဖြင့် ရေချိုးနေသူ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြောင်း ဆားလင်း ကြီးမြို့နယ် ရွာသာကျေးရွာမှ ဒေသခံ တစ်ဦးက ပြောသည်။ "ထိခိုက်ဒဏ်ရာ ရရှိသူက ဒေါ်လှဌေး (အသက် ၅၀ နှစ်) ဆိုသူ ဖြစ်ပါတယ်၊ မုံရွာဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေပါတယ်" ဟု ၄င်းက Venus News Weekly သို့ ဆက်ပြောသည်။
အဆိုပါ အုတ်ရေကန် ပြိုကျသည့် ကျေးရွာနှင့် ကြေးစင်တောင် ကြေးနီ တူးဖော်ထုတ်လုပ်ရေး စီမံ ကိန်းနယ်မြေသည် မြောက်ယမား ချောင်းခြား သော်လည်း နေ့စဉ် ကြေးနီ ထုတ်လုပ်ရေးမိုင်းများ ဖောက်ခွဲသည့်အခါ လူနေအိမ်များ တုန်လှုပ် သွားလေ့ရှိကြောင်း ၄င်းရွာခံများက ပြောဆိုသည်။ "မိုင်းခွဲချိန်မှာ မြေသားတွေ တုန်လှုပ်ပြီး ပြိုကျပျက်စီးသွားတဲ့ အုတ်ရေကန်ဟာ အလျားလေးပေ၊ အနံသုံးပေ၊ အမြင့်ရှစ်ပေခန့် ဖြစ် ပါတယ်" ဟု အဆိုပါ ဒေသခံများ က ပြောပြသည်။ ရေကန်ပြိုကျချိန်တွင်ရေကန် အနီး ရေချိုးနေသော ဒေါ်လှဌေး သည် ယာနားထင်ပေါက်ပြဲ၊ခါးနာ၊ ဝဲဒူးနှင့် လက်ကောက်ဝတ်များ ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် မုံရွာ အခြေစိုက် ဒေဝကတိ လူမှုကူညီ ရေးအသင်း၏လူနာတင်ယာဉ်ဖြင့် မုံရွာဆေးရုံသို့ပို့ဆောင်ကာ အချိန်မီ ဆေးဝါးကုသမှုများ ခံယူလျက်ရှိ ကြောင်း သိရှိရသည်။ "လူနာအခြေအနေက သိပ် တော့ စိုးရိမ်စရာမရှိဘူးလို့ ပြောရ မှာပါ၊ ဒါပေမယ့် အသက်အရွယ် က ကြီးတဲ့အတွက် အထူးကြပ် မတ်ပြီး ကုသပေးနေပါတယ်" ဟု မုံရွာဆေးရုံမှ တာဝန်ကျ ဆရာဝန် တစ်ဦးက ပြောကြားသည်။ ပြီးခဲ့သည့်ဇန်နဝါရီလအတွင်း ၌ ကြေးနီထုတ်လုပ်ရေး မိုင်းခွဲမှုများ ကြောင့် ကျားတွင်းတောင်ပေါ်ရှိ ကျားတွင်း လိုဏ်ဂူကျောင်း တိုက်၏ အာဂန္တုကျောင်းဆောင် အုတ်နံရံ များမှာ အက်ကြောင်းများ ဖြစ်ပေါ်ခဲ့ သည့်အတွက် ကြေးနီတူးဖော်ထုတ် လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိဝန်ထမ်း အချို့သည်ယင်းကျောင်းဆောင် ၏ အက်ကြောင်းများအား လာ ရောက်တိုင်းတာခဲ့ကြောင်း အဆိုပါ ကျောင်းတိုက်တွင် သီတင်းသုံး တော်မူသော အရှင်သာမိက မိန့် ကြားခဲ့သည်။

ဇေယျာမောင်


Credit to : VENUS NEWS JOURNAL
https://www.facebook.com/excellencemedia

အေးချမ်းမွန်

SHARE THIS
Previous Post
Next Post