ကျူးကျော်ဟုစွပ်စွဲကာ နှင်ထုတ်ခဲ့ခြင်းအပေါ် သက်ဆိုင်သူများ ဖြေရှင်းပေးရန် မူလပိုင်ရှင်များ တောင်းဆို

ကျူးကျော်ဟုစွပ်စွဲကာ နှင်ထုတ်ခဲ့ခြင်းအပေါ် သက်ဆိုင်သူများ ဖြေရှင်းပေးရန် မူလပိုင်ရှင်များ 
တောင်းဆို


မှော်ဘီ၊ ဖေဖော်ဝါရီ၊ ၇။

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ဆပ်သွားတော
ကျေးရွာရှိ ကြက်ဖြူကန်ကြိုးဝိုင်းမှ ဥယျာဉ်ခြံမြေ ဧက ၂၀၀ ခန့်တွင် နေထိုင်သော ဥယျာဉ်ခြံမြေ စိုက်ပျိုးလုပ်ကိုင်သူ
ခြံပိုင်ရှင်များနှင့် ခြံစောင့်များအပါအ၀င် အိမ်ထောင်စု ၁၂ 
စုကို ကျူးကျော်နေထိုင်သူများဟု စွပ်စွဲကာ နှင်ထုတ်ခဲ့ခြင်းကို 
သက်ဆိုင်သူ များက ဖြေရှင်းပေးရန် မူလပိုင်ရှင်များက
ပြည်သူ့လွှတ်တော်သို့ တင်ပြတောင်းဆိုထားကြောင်း 
ဥယျာဉ်ခြံမြေ အသိမ်းခံရသူများထံမှ သိရသည်။

အမှတ် ၄ အသုံးလုံးကျေကျောင်း၏ တပ်ပိုင်မြေသည် ကြက်ဖြူကန်ကြိုးဝိုင်းမှ ဧရိယာ ၁၉၆.၁၃ ဧက 
အကျယ်အ၀န်းရှိပါသည်။ ၄င်းတပ်ပိုင်မြေတွင် 
လာရောက်ကျူးကျော်နေထိုင်ကြသော အောက်ဖော်ပြပါ
ခြံပိုင်ရှင်များနှင့်ခြံစောင့်များအား တပ်နယ်တပ်ရင်း 
ဗိုလ်မှူးကြီးနှင့် ဦးစီးမှူး၊ မြေစာရင်းဦးစီးဌာနတို့မှ 
သွားရောက်စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။ ကျူးကျော်နေ
ထိုင်သူများအား ၂၉-၂-၁၉၉၂ တွင် အပြီးဖယ်ရှားပေး
ရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း မဖယ်ရှားပါက 
ဥပဒေအရ အရေးယူခြင်းခံရမည် ဟူသော တပ်ရင်း
ဗိုလ်မှူးကြီး၏အမိန့်ကြေညာစာကို တွေ့ရသည်။

ယင်းဖယ်ရှားခံရသော တောင်သူများစာရင်းတွင် ၁၂ 
ဦးပါရှိကြောင်း ၄င်းအမိန့်ကြေညာချက်အရ သိရသည်။ 
ထိုကြေညာချက်တွင် ပါဝင်သူအားလုံးသည် မူလ
ပိုင်ရှင်များနှင့် ၀ယ်ယူပြီး စာချုပ်စာတမ်းရှိသူများ ဖြစ်ကြကြောင်း ဥယျာဉ်ခြံမြေဆုံးရှုံးသွားသူ ဒေါ်သန်းညွန့်က ပြောကြားသည်။

“ဒီလို ပြောင်းရွှေ့ရတော့ ကလေးတွေမှာ ကျောင်းမတက်
ရတော့ဘူး၊ ခုဆို အလုပ်လုပ်ချင်တာတောင် စာမတက်လို့ အလုပ်မလုပ်ရဘူး၊ မြို့ထဲဆိုလည်း မသွားရဲဘူး၊ ဆိုင်းဘုတ်
တွေ့တာတောင် စာမှ မဖတ်တက်တာ” ဟု ဥယျာဉ်ခြံ
အသိမ်းခံရသူ မင်္ဂလာဒုံစစ်တပ်မှ တပ်ကြပ်ကြီး၏သမီး မဝေဝေလှိုင်က ပြောသည်။

ယင်းကဲ့သို့ မူလပိုင်ရှင်များအား နှင်ထုတ်ခဲ့သော်လည်း 
ယင်းနေရာတွင် လူသစ်များကို စစ်တပ်မှ မြေနေရာများ ငှားရမ်းလုပ်ကိုင်ခွင့်ပေးထားကြာင်း၊ ယခုအခါ ယင်းဥယျာဉ်
ခြံမြေများရှိ မြေများကို ဂေါ်များဖြင့်တူးကာ အမှတ်(၃)လမ်း 
တိုးချဲ့စီမံကိန်းသို့ မြေများရောင်းစားနေကြောင်း သိရသည်။

“အခု အဲ့ဒီမှာနေတဲ့သူတွေက ပိုင်ရှင်မဟုတ်ဘဲ ဂရန်အတုတွေ
လုပ်ပြီး မြေတွေရောင်းစားနေကြတာ၊ မြေကြီးကားတစ်စီးကို အဲ့ဒီမှာနေတဲ့သူတွေက တစ်ထောင်ပဲရတာ၊ ကန်ထရိုက်တွေက သုံးသောင်းနဲ့ ပြန်ရောင်းစားနေကြတာ ခုထိလည်း မြေတူးကားတွေက တူးနေတုန်းပဲ” ဟု ဥယျာဉ်ခြံမြေ အသိမ်းခံရသူ တစ်ဦးက ပြောသည်။

“ဘုရားအဆောက်အဦးတွေတောင် တပ်က သိမ်းထားတာ၊ 
ဘုရားပွဲတွေ လုပ်မယ်ဆိုရင်တောင် စစ်တပ်မှာ လျှောက်လွှာ
တင်ပြီး ခွင့်ပြုမိန့်ယူရတယ်” ဟု အသက် ၆၄ နှစ်အရွယ် ဦးမောင်ဘိုးက ပြောသည်။

စစ်တပ်မှ မြေတိုးချဲ့လိုသည် ဆိုပါက စစ်တပ်နှင့် ဥယျာဉ်ခြံမြေ
များကြားရှိ စားကျက်မြေပိုများကို သိမ်းနိုင်ကြောင်း၊ သို့သော် စားကျက်မြေများကို မသိမ်းဘဲ ဥယျာဉ်ခြံမြေများကိုသာ သိမ်းယူခဲ့ပြီး
နိုင်ငံအတွက် အကျိုးရှိမည်ဆိုပါက ၎င်းတို့အနေဖြင့်
ကျေနပ်ပးနိုင်ကြောင်း၊ စစ်တပ်မှ သိမ်းယူခဲ့သည့်ထဲတွင် သာသနာ့အဆောက်အဦးများ ပါဝင်ကြောင်း သိရသည်။

ရည်မွန်
The Myanma Age
မှော်ဘီ၊ ဖေဖော်ဝါရီ၊ ၇။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ဆပ်သွားတောကျေးရွာရှိ ကြက်ဖြူကန်ကြိုးဝိုင်းမှ ဥယျာဉ်ခြံမြေ ဧက ၂၀၀ ခန့်တွင် နေထိုင်သော ဥယျာဉ်ခြံမြေ စိုက်ပျိုးလုပ်ကိုင်သူခြံပိုင်ရှင်များနှင့် ခြံစောင့်များအပါအ၀င် အိမ်ထောင်စု ၁၂ စုကို ကျူးကျော်နေထိုင်သူများဟု စွပ်စွဲကာ နှင်ထုတ်ခဲ့ခြင်းကို သက်ဆိုင်သူ များက ဖြေရှင်းပေးရန် မူလပိုင်ရှင်များကပြည်သူ့လွှတ်တော်သို့ တင်ပြတောင်းဆိုထားကြောင်း
ဥယျာဉ်ခြံမြေ အသိမ်းခံရသူများထံမှ သိရသည်။

အမှတ် ၄ အသုံးလုံးကျေကျောင်း၏ တပ်ပိုင်မြေသည် ကြက်ဖြူကန်ကြိုးဝိုင်းမှ ဧရိယာ ၁၉၆.၁၃ ဧက
အကျယ်အ၀န်းရှိပါသည်။ ၄င်းတပ်ပိုင်မြေတွင် လာရောက်ကျူးကျော်နေထိုင်ကြသော အောက်ဖော်ပြပါ
ခြံပိုင်ရှင်များနှင့်ခြံစောင့်များအား တပ်နယ်တပ်ရင်း ဗိုလ်မှူးကြီးနှင့် ဦးစီးမှူး၊ မြေစာရင်းဦးစီးဌာနတို့မှ
သွားရောက်စစ်ဆေးခဲ့ပြီးဖြစ်ပါသည်။ ကျူးကျော်နေထိုင်သူများအား ၂၉-၂-၁၉၉၂ တွင် အပြီးဖယ်ရှားပေး
ရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း မဖယ်ရှားပါက ဥပဒေအရ အရေးယူခြင်းခံရမည် ဟူသော တပ်ရင်း
ဗိုလ်မှူးကြီး၏အမိန့်ကြေညာစာကို တွေ့ရသည်။

ယင်းဖယ်ရှားခံရသော တောင်သူများစာရင်းတွင် ၁၂ ဦးပါရှိကြောင်း ၄င်းအမိန့်ကြေညာချက်အရ သိရသည်။ ထိုကြေညာချက်တွင် ပါဝင်သူအားလုံးသည် မူလပိုင်ရှင်များနှင့် ၀ယ်ယူပြီး စာချုပ်စာတမ်းရှိသူများ ဖြစ်ကြကြောင်း ဥယျာဉ်ခြံမြေဆုံးရှုံးသွားသူ ဒေါ်သန်းညွန့်က ပြောကြားသည်။

“ဒီလို ပြောင်းရွှေ့ရတော့ ကလေးတွေမှာ ကျောင်းမတက်ရတော့ဘူး၊ ခုဆို အလုပ်လုပ်ချင်တာတောင် စာမတက်လို့ အလုပ်မလုပ်ရဘူး၊ မြို့ထဲဆိုလည်း မသွားရဲဘူး၊ ဆိုင်းဘုတ်တွေ့တာတောင် စာမှ မဖတ်တက်တာ” ဟု ဥယျာဉ်ခြံအသိမ်းခံရသူ မင်္ဂလာဒုံစစ်တပ်မှ တပ်ကြပ်ကြီး၏သမီး မဝေဝေလှိုင်က ပြောသည်။

ယင်းကဲ့သို့ မူလပိုင်ရှင်များအား နှင်ထုတ်ခဲ့သော်လည်း ယင်းနေရာတွင် လူသစ်များကို စစ်တပ်မှ မြေနေရာများ ငှားရမ်းလုပ်ကိုင်ခွင့်ပေးထားကြာင်း၊ ယခုအခါ ယင်းဥယျာဉ်
\ခြံမြေများရှိ မြေများကို ဂေါ်များဖြင့်တူးကာအမှတ်(၃)လမ်းတိုးချဲ့စီမံကိန်းသို့ မြေများရောင်းစားနေကြောင်း သိရသည်။

“အခုအဲ့ဒီမှာနေတဲ့သူတွေကပိုင်ရှင်မဟုတ်ဘဲဂရန်အတုတွေလုပ်ပြီး မြေတွေရောင်းစားနေကြတာ၊ မြေကြီးကားတစ်စီးကို အဲ့ဒီမှာနေတဲ့သူတွေက တစ်ထောင်ပဲရတာ၊ ကန်ထရိုက်တွေက သုံးသောင်းနဲ့ ပြန်ရောင်းစားနေကြတာ ခုထိလည်း မြေတူးကားတွေက တူးနေတုန်းပဲ” ဟု ဥယျာဉ်ခြံမြေ အသိမ်းခံရသူ တစ်ဦးက ပြောသည်။

“ဘုရားအဆောက်အဦးတွေတောင် တပ်က သိမ်းထားတာ၊ ဘုရားပွဲတွေ လုပ်မယ်ဆိုရင်တောင် စစ်တပ်မှာ လျှောက်လွှာတင်ပြီး ခွင့်ပြုမိန့်ယူရတယ်” ဟု အသက် ၆၄ နှစ်အရွယ် ဦးမောင်ဘိုးက ပြောသည်။

စစ်တပ်မှ မြေတိုးချဲ့လိုသည် ဆိုပါက စစ်တပ်နှင့် ဥယျာဉ်ခြံမြေများကြားရှိ စားကျက်မြေပိုများကို သိမ်းနိုင်ကြောင်း၊ သို့သော် စားကျက်မြေများကို မသိမ်းဘဲ ဥယျာဉ်ခြံမြေများကိုသာ သိမ်းယူခဲ့ပြီး
နိုင်ငံအတွက် အကျိုးရှိမည်ဆိုပါက ၎င်းတို့အနေဖြင့်
ကျေနပ်ပးနိုင်ကြောင်း၊ စစ်တပ်မှ သိမ်းယူခဲ့သည့်ထဲတွင် သာသနာ့အဆောက်အဦးများ ပါဝင်ကြောင်း သိရသည်။

ရည်မွန်
The Myanma Age

SHARE THIS
Previous Post
Next Post