သံတွဲတွင် ဘင်္ဂါလီ မုဒိမ်းကျင့်မှု ဖေဖော်ဝါရီ ၁၁ ရက်နေ့ ရုံးတင်မည်


ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ရခိုင်အမျိုးသမီးတစ်ဦးကို ဘင်္ဂါလီ တစ်ဦး က မုဒိမ်းကျင့်မှု ဇန်န၀ါရီ ၂၅ ရက်နေ့တွင် ဖြစ်ပွါးခဲ့ပြီး ယင်းအမှုကို ဖေဖော် ၀ါရီ ၁၁ ရက်တွင်ရုံးတင်စစ်ဆေးမည်ဖြစ်ကြာင်း
 ဒေသခံတစ်ဦးက ပြော ကြားသည်။

သံတွဲမြို့နယ်ဂွေ့ချောင်းကျေးရွာအုပ်စုဆိပ်ကြီးကျေးရွာတွင် နေုထိုင်သော
ရခိုင်အမျိုးသမီးဦးဖြစ်သူ မ၀င်းခင် (၃၄နှစ်) ကို အောက်နတ်မော် ကျေးရွာ အုပ်စု၊ မြင်းစိမ်းမော်ကျေးရွာနေ ဘင်္ဂါလီ မူဆလင် (ဘ) ဦးမျိုးနိုင်၏ သား မျိုးကိုကိုဦး (ခ) အရှည်ကြီး (၂၁နှစ်)က ဇန်န၀ါရီလ ၂၅ ရက်နေ့ ညနေ ၆း၃၀ ခန့်တွင် ဆိပ်ကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းအရှေ့ဘက် ကိုက် ၅၀ အကွာ၊ ပြားတောထဲ၌အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း RSV News Media တွင် လွန်ခဲ့သော ၁၀ ရက်ခန့်က ဖော်ပြခဲ့သည်။

အခင်းဖြစ်ပွါးပုံမှာ ယင်းန့ညက ဆိပ်ကြီးဘုန်းတော်ကြီးကျောင်း တွင် ပြုလုပ်သော ကာရာအိုကေ သီချင်းဆိုပြိုင်ပွဲသို့ မ၀င်းခင် သွားစဉ် လမ်းတွင် ပြစ်မှု ကျူးလွန်ခံခဲ့ရခြင်းဖြစ်သည်။

SHARE THIS
Previous Post
Next Post