GTC ကျောင်းသား ရိုးမဘဏ်ဝင်ဖောက်

GTC ကျောင်းသား ရိုးမဘဏ်ဝင်ဖောက်
Tuesday, February 05, 2013

ရှမ်းပြည်နယ် အောင်ပန်းမြို့ တွင် GTC ကျောင်းသား လူငယ်တစ်ဦးအား 
ရိုးမဘဏ်ကို ဖောက်ထွင်းမှုဖြင့် ဖမ်းဆီး အရေးယူထားကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၅ ရက် နံနက် ၁နာရီခန့်က အသက် ၁၉နှစ်ရှိ
မောင်---သည်ရိုးမဘဏ် မျက်နှာကျက်မှ ဖောက်ထွင်း ဝင်ရောက်ကာ
ငွေ ၁၇၀၀၀ ကျပ် ခိုးယူခဲ့မှုဖြင့် ယင်းသို့ ဖမ်းဆီးအရေးယူခဲ့ကြောင်း အဆိုပါဘဏ်မှ သိရသည်။

ရိုးမဘဏ်(အောင်ပန်း) ငွေခန်းဒုတိယ တာဝန်ခံ ဒေါ်ခင်သက်ဦးက
“ ဘဏ်ကို မျက်နှာကျက်ကနေဖောက်ပြီးတော့ဝင်တယ်။ ငွေခန်းကိုတော့
ဖောက်လို့မရဘူး။ အဲဒါကြောင့် ဘဏ်ဝန်းထမ်းတွေရဲ့  စားပွဲတွေ
ကနေ ငွေကျပ် ၁၇၀၀၀ ကျော် ကို ခိုးယူသွားတယ်” ဟု ဆိုသည်။

အဆိုပါတရားခံကို နံနက် ၃ နာရီတွင် ဖမ်းဆီးရမိခဲ့ပြီး အောင်ပန်းမြို့ နယ် ရဲစခန်းမှ အရေးယူထားကြောင်း၏သိရသည်။

ဒေါ်ခင်သက်ဦးက “ ကောင်လေးက ငယ်ငယ်လေးပဲ ရှိသေးတယ် ။
ပြီးတော့ အင်ဂျင်နီယာ ကျောင်းသား တစ်ယောက်လည်း ဖြစ်တယ် ။ သူ့အဖေက ပညာရေး (၃) က အရာရှိတစ်ယောက်လို့ပြောတယ်။ 
မနက် ၈ နာရီ မှာ အဲဒီကောင်လေးကို ခေါ်လာပြီး ရဲအရာရှိတွေက
ဘဏ်မှာ သရုပ်ပြခိုင်းတယ် ” ဟု ဆက်လက်ပြောသည်။

ရိုးမဘဏ်သည် ယခင်က ငွေလွှဲလုပ်ငန်းကိုသာ အဓိက လုပ်ကိုင်သော်လည်း
လက်ရှိတွင် ဘဏ်လုပ်ငန်း ဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည့် 
ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည်။

သန်းနိုင်ဦး
Yangon Media Group

SHARE THIS
Previous Post
Next Post