ဘင်္ဂလာအ၀ကျွန်းဒေသမှ ရှေးခေတ်ရခိုင်လှေကြီး တူးဖေါ်မူ အောင်မြင်စွာ ပြီးစီး

သဲသောင်ပြင်တွင် နစ်မြုပ်နေသော ဘင်္ဂလာဒေခ်ျ့နိုင်ငံ အ၀ကျွန်းဒေသမှ ရှေးခေတ် ရခိုင်လှေကြီးကို အောင်မြင်စွာ ဖေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
အလျား ၇၂ ပေ၊ အနံ ၂၃ ပေထိ ကြီးမားသော ရခိုင်ရှေးခေတ်လှေကြီးကို ဒုတိယ အကြိမ်မြောက် ပြန်လည်တူး ဖေါ်ရာတွင် နောက်ဆုံးအဆင့်တွင် အောင်မြင်မူ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသနက ပြောသည်။

ပြတိုက် တစ်ခု တည်ဆောက်ပြီး ဘင်္ဂလာဒေခ်ျ့နိုင်ငံ Kuakata ဒေသ တွင် အဆိုပါ လှေကြီးအား ပြသထားရန် သက်ဆိုင်ရာမှ စီစဉ်နေသည် သိရသည်။

၎င်းရှေးဟောင်းလှေကြီးကို လွန်ခဲ့သော နှစ် ဇွန်လ ၂၉ ရက်နေ့က မြန်မာ- ရခိုင် အခေါ် အ၀ကျွန်းဒေသ (ဘင်္ဂလာဒေခ်ျ့ အခေါ် Kuakata ) အနီးက ပင်လယ်ကမ်းစပ် သဲသောင်ပြင်တွင် ရှာဖွေတွေ့ရှိခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသန ဌာနမှ ၎င်းလှေကြီးကို တူးဖေါ်ခဲ့ရာ ဒီရေမြင့်တက်လာသဖြင့် ယခုနှစ် ဇန္န၀ါရီလ ၂၀ နေ့က ရပ်နားထားခဲ့ရသည်။

ဒီရေများ ပြန်နိမ့်ကျသွားသည့် အချိန် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က ပြန်လည်တူးဖေါ်ရာ ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့တွင် ဒေသအတွင်းမှ ကျွမ်းကျင်သူများ အကူအညီဖြင့် မြေပေါ်သို့ အောင်မြင်စွာ တူးဖေါ် မတင်နိုင်ခဲ့သည်။

ရှေးဟောင်း လှေကြီးမှာ သစ်သားဖြင့် ပြုလုပ်ထားသော လှေကြီး ဖြစ်ပြီး ၁၇၈၄ ခုနှစ် ဗမာ ဘုရင် ရခိုင်ကို ၀င်ရောက် တိုက်ခိုက် သိမ်းပိုက်စဉ် ရခိုင်အမျိုးသားများ ရခိုင်ပြည်မှနေ အဆိုပါ ဒေသသို့ ထွက်ပြေးလာရာတွင် အသုံးပြုခဲ့သော လှေကြီးဖြစ်ကြောင်း ဘင်္ဂလာ ရှေးဟောင်း သုတေသန တာဝန်ရှိသူများက ပြောကြားသည်။

http://www.narinjara.com/burmese

SHARE THIS
Previous Post
Next Post