ကျောက်ဖြူတွင် ဆိုင်ကယ်က နွားလှည်းကိုတိုက်၊ ဆိုင်ကယ်မောင်းသူသေ ဆုံး


ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ကျေးရွာအုပ်စု၊ ဖယ်သာတောင်အဆင်း တွင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေ ၇ နာရီအချိန်က ဆိုင်ကယ်နှင့်နွား လှည်းတိုက်မိ၍ ဆိုင်ကယ်မောင်းသူဆုံးသွားခဲ့သည်

ကျောက်ဖြူမြို့နယ်၊ ချင်းမင်းပြင်ကျေးရွာနေ မောင်တင်ထွေး (၂၀ နှစ်)မောင်းနှင်ပြီး ဆိုင်ကယ်နောက်တွင် လှမင်းအောင် (၁၈ နှစ်)နှင့် ထင်ကျော်ဝင်း(ခ) အငယ် (၁၆ နှစ်)တို့လိုက်ပါစီးနင်းပြီးမောင်းနှင်လာကြရာ မိုင်တိုင်အမှတ် (၈၄/၂)နှင့်(၈၄/၃)အကြား ဖယ်သာတောင် အဆင်း တွင် အောင်တင်ဝင်း (၂၆ နှစ်) မောင်းနှင် လာသောနွားလှည်းကို ရှေ့တည့် တည့်မှ ၀င်တိုက်ခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းနှင်သူ မောင်တင်ထွေးမှာ အခင်းဖြစ်ပွား ရာနေရာတွင်ပင်သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်တွင်လိုက်ပါစီးနင်းလာသူနှစ်ဦး တွင်လည်း ပွန်းပဲ့ဒဏ်ရာအနည်း ငယ်စီရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ကျောက်ဖြူရဲစခန်းမှ (ပ) ၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆြာကု ပေးပို့သည်။
From : Rakhine Citizen Journalist

SHARE THIS
Previous Post
Next Post