ဘင်္ဂလီ လှေစီးပြေးဒုက္ခသည် ၁၂၁ ယောက်ကို အင်ဒိုနီးရှား ကယ်တင်


 28 February 2013, 10:14 AEST

မြန်မာနိုင်ငံကနေ လှေနဲ့ ထွက်ပြေးလာတဲ့ ဘင်္ဂလီ ၁၂၁ ယောက်ကို အင်ဒိုနီးရှား တံငါသည်တွေက ကယ်တင်ထားတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်က တရားဝင် ပြောလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမရောက်ခင် ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း သေနတ်နဲ့ ပစ်ခတ်ခံခဲ့ ရတယ်လို့လည်း လှေပေါ်ပါလာတဲ့ ဘင်္ဂလီတွေက ပြောပါတယ်။

ဘင်္ဂလီတွ လိုက်ပါလာတဲ့ လှေဟာ အင်ဒိုနီးရှားနိုင်ငံ ဆူးမားတြားကျွန်း မြောက်ပိုင်း အာချေးဒေသရှိ Cot Trueng ရွာအနားမှာ မျောနေတာကို တံငါသည်တွေက တွေ့ရှိပြီး ကယ်တင်လိုက်တာ ဖြစ်တယ်လို့ ရွာ သူ ကြီး က အေဖက်ပီသတင်းကို ပြောပါတယ်။

ဘင်္ဂလီတွေဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို သွားရောက်ဖို့ စီစဉ်ပြီး ထိုင်းနိုင်ငံရေပိုင်နက်ထဲ အရောက်မှာ ထိုးအာဏာပိုင်တွေက လှေပေါ်တက်လာပြီး အစားအသောက်တွေ၊ လောင်စာတွေကို လှေပေါ်ကနေ ရေထဲပစ်ချ လိုက်တဲ့အကြောင်း အဲဒီနောက် လှေကို ပင်လယ်ထဲ ပြန်တွန်းပို့လိုက်ပြီး ညအချိန် ရောက်တဲ့အခါ သေနတ်နဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ လှေပေါ်ပါလာသူ Farid Alam က မလေးဘာသာနဲ့ ပြောပြခဲ့ပါတယ်။

အဲဒီလှေပေါ်က လူ ၁၂ ယောက်လည်း ပျောက်ဆုံးနေတဲ့အတွက် ထိုင်းအာဏာပိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားပြီလို့ယူဆကြောင်းလည်း ပြောပါတယ်။

သူတို့အနေနဲ့ မူဆလင်ဘာသာဝင်တွေရှိတဲ့ ဘယ်နိုင်ငံမှာ မဆို နေလိုတဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသမှာ နေရမယ်ဆိုရင်လည်း နေထိုင်မယ့်အကြောင်း သူတို့ကိုတော့ မြန်မာနိုင်ငံကို ပြန်မပို့ဖို့ တောင်းပန်ကြောင်းတွေကို ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်ပို့မယ့်အစား သူတို့ကိုသာ ပစ်သတ်ဖို့ လည်း ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်ပေါ်ပြီးနောက် အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေပိုများလာပြီး အများစုက အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံကို သွားနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ ဘင်္ဂလီအယောက် ၆၀၀၀ ရှိပြီလို့ ထိုင်းစစ်တပ်ကလည်း ဒီလအစောပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

၂၀၀၉ ခုနှစ်တုန်းကလည်း ခိုလှုံခွင့်တောင်းဖို့ ရောက်လာတဲ့ ဘင်္ဂလီလှေတစ်စီးကို ထိုင်းအာဏာပိုင်တွေက ပင်လယ်ထဲ ပြန်လည်တွန်းပို့ခဲ့တာကိုလည်း ထိုင်းအစိုးရက ဝန်ခံခဲ့ပါတယ်။


မှ http://www.radioaustralia.net.au/

ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည် ၁၂၁ ယောက်ကို အင်ဒိုနီးရှား ကယ်တင်

နောက်ဆုံးရေးသားချိန် 28 February 2013, 10:14 AEST

မြန်မာနိုင်ငံကနေ လှေနဲ့ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၁၂၁ ယောက်ကို အင်ဒိုနီးရှား တံငါသည်တွေက ကယ်တင်ထားတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်က တရားဝင် ပြောလိုက်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမရောက်ခင် ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း သေနတ်နဲ့ ပစ်ခတ်ခံခဲ့ ရတယ်လို့လည်း လှေပေါ်ပါလာတဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။

ရိုဟင်ဂျာတွေ လိုက်ပါလာတဲ့ လှေဟာ အင်ဒိုနီးရှားနိုင်ငံ ဆူးမားတြားကျွန်း မြောက်ပိုင်း အာချေးဒေသရှိ Cot Trueng ရွာအနားမှာ မျောနေတာကို တံငါသည်တွေက တွေ့ရှိပြီး ကယ်တင်လိုက်တာ ဖြစ်တယ်လို့ ရွာ သူ ကြီး က အေဖက်ပီသတင်းကို ပြောပါတယ်။

ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို သွားရောက်ဖို့ စီစဉ်ပြီး ထိုင်းနိုင်ငံရေပိုင်နက်ထဲ အရောက်မှာ ထိုးအာဏာပိုင်တွေက လှေပေါ်တက်လာပြီး အစားအသောက်တွေ၊ လောင်စာတွေကို လှေပေါ်ကနေ ရေထဲပစ်ချ လိုက်တဲ့အကြောင်း အဲဒီနောက် လှေကို ပင်လယ်ထဲ ပြန်တွန်းပို့လိုက်ပြီး ညအချိန် ရောက်တဲ့အခါ သေနတ်နဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ လှေပေါ်ပါလာသူ Farid Alam က မလေးဘာသာနဲ့ ပြောပြခဲ့ပါတယ်။

အဲဒီလှေပေါ်က လူ ၁၂ ယောက်လည်း ပျောက်ဆုံးနေတဲ့အတွက် ထိုင်းအာဏာပိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားပြီလို့ယူဆကြောင်းလည်း ပြောပါတယ်။

သူတို့အနေနဲ့ မူဆလင်ဘာသာဝင်တွေရှိတဲ့ ဘယ်နိုင်ငံမှာ မဆို နေလိုတဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသမှာ နေရမယ်ဆိုရင်လည်း နေထိုင်မယ့်အကြောင်း သူတို့ကိုတော့ မြန်မာနိုင်ငံကို ပြန်မပို့ဖို့ တောင်းပန်ကြောင်းတွေကို ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပြန်ပို့မယ့်အစား သူတို့ကိုသာ ပစ်သတ်ဖို့ လည်း ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ဖြစ်ပေါ်ပြီးနောက် အိမ်နီးချင်းနိုင်ငံကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေပိုများလာပြီး အများစုက အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံကို သွားနေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလကစပြီး ထိုင်းနိုင်ငံကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာအယောက် ၆၀၀၀ ရှိပြီလို့ ထိုင်းစစ်တပ်ကလည်း ဒီလအစောပိုင်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

၂၀၀၉ ခုနှစ်တုန်းကလည်း ခိုလှုံခွင့်တောင်းဖို့ ရောက်လာတဲ့ ရိုဟင်ဂျာလှေတစ်စီးကို ထိုင်းအာဏာပိုင်တွေက ပင်လယ်ထဲ ပြန်လည်တွန်းပို့ခဲ့တာကိုလည်း ထိုင်းအစိုးရက ဝန်ခံခဲ့ပါတယ်။

မြန်မာနိုင်ငံကို ပြန်ပို့မယ့်အစား သူတို့ကိုသာ ပစ်သတ်ဖို့ လှေပေါ်ပါလာတဲ့ ရိုဟင်ဂျာတွေ တောင်းဆို (Credit: ABC) 

အေးချမ်းမွန်မှ http://www.radioaustralia.net.au တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

SHARE THIS
Previous Post
Next Post