မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသူ ကို နှိပ်စက်ခဲ့သော ထိုင်းလူမျိုး ဇနီးမောင်နှံ ကို ထိုင်းအစိုးရက ဘတ်ငွေ ၁ သိန်းဖြင့် ဖမ်းဝရမ်းထုတ်



ဖေဖော်ဝါရီ ၁၈၊ ၂ဝ၁၃

မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသူ မအဲကို ၅ နှစ်ကြာ နှိပ်စက်ခိုင်းစေခဲ့သော ထိုင်းလူမျိုး ဇနီးမောင်နှံ ကို ထိုင်း အစိုးရက ဘတ်ငွေ ၁ သိန်းဖြင့် ဖမ်းဝရမ်း ထုတ်ထားကြောင်း အလုပ်သမား အလုပ် အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ စုံ စမ်း သိရသည်။
''ဒီကိစ္စအတွက်ကို အရင်ကတည်း က ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ကျွန်တော်တို့ တိုက်တွန်းထားပါတယ်။ အခု ပြစ်မှုကျူးလွန်တဲ့သူတွေက ထွက် ပြေးသွားပြီလို့ သိရတယ်။ တရားဝင်စာတော့ မဝင်သေးဘူး။ တရားဝင်စာ ဝင် လာပြီး ဘယ်လို ဆက်လက်ဆောင်ရွက် မယ်ဆိုတာ ဆုံးဖြတ်သွားမှာပါ''ဟု အဆို ပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက The Messenger ဂျာနယ်သို့ ပြောကြား သည်။
အဆိုပါ ကရင်တိုင်းရင်းသူ မအဲအား နှိပ်စက်ညှင်းပန်းခဲ့သော ထိုင်းလူမျိုး ဇနီးမောင်နှံ ၂ ဦးကို အမှု ၇ မှုဖြင့် တရား စွဲဆိုရန် စီစဉ်ထားသော်လည်း အဆိုပါ ဇနီးမောင်နှံမှာ ဝန်ခံခြင်း မရှိသောကြောင့် အာမခံဖြင့် လွှတ်ပေးထားရာမှ ယခုအခါ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် အစိုးရ မှ ယင်းကဲ့သို့ ဝရမ်းထုတ်ပြန်ထားရခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါကိစ္စအား ထိုင်း နိုင်ငံရှိ မြန်မာသံရုံးမှ ကိုင်တွယ်ဆောင် ရွက်လျက်ရှိပြီး ထိုင်းအစိုးရမှ ယင်းဖြစ်စဉ် ကို ကိုင်တွယ်ဖြေရှင်းရာ၌ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိကိုလည်း စောင့် ကြည့် လေ့လာသွားမည်ဖြစ်ကြောင်း သိရသည်။

  မှ Messenger News Journal

SHARE THIS
Previous Post
Next Post