သစ်လုပ်ကိုင်သူများအား KIA မှပစ်ခတ်ဖမ်းဆီး

ဖေဖော်ဝါရီ ၁၈ရက်၊ ၂၀၁၃

ယမန်နေ့ည ၁၁နာရီခွဲခန့်က မဘိမ်းမြို့နယ်နန့်ဟန်ချောင်းဖျားအနီးတွင် သစ်လုပ်ကိုင်နေသူများကို KIA မှ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်းသိရှိရသည်။ သစ်လုပ်ကိုင်သူများသသည် မဘိမ်းမြို့အနီးမှသူများဖြစ်ကာ ချောင်းအနီးတွင် သစ် လုပ်ငန်းလုပ်ကိုင်နေပြီး KIA မှ ရောက်ရှိလာပြီး ငွေကြေးများကို တောင်းခံခဲ့ ပါသည်။

၎င်းတို့တောင်းသော ငွေများမရှိသည့်အကြောင်းပြောမှုကို KIA အဖွဲ့မှ ကျေနပ်ခြင်းမရှိဘဲ သေနတ်ဖြင့် ချိန်းခြောက်ခဲ့၍ သစ်လုပ်ကိုင်သူများမှ ကြောက်ရွံ့ပြီး ထွက်ပြေးခဲ့ရာ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း လွတ်မြောက် လာ သူများ၏ပြောပြချက် အရသိရှိရပါသည်။

၎င်းတို့၏ပစ်ခတ်မှုကြောင့် သစ်လုပ်ကိုင်သူတစ်ဦးမှာ ဒဏ်ရာရှိပြီး အဖမ်းခံခဲ့ရတာ ဖြစ်ကြောင်း၊ ၎င်းတို့တောင်းဆိုမှုများကို ချက်ချင်းမပေးနိုင်သည့်အတွက် ၎င်းတို့ကို အာခံသည်ဟုဆိုက ပစ်ခတ်ခြင်း နှိပ်စက်ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရမည့်သူ အား KIA က ဖမ်းဆီးပြီး မည်သို့လုပ်ဆောင်မည်မသိ ရကြောင်း ငွေနဲ့လာ ရွေးခိုင်းမှာလား၊ ဒါမှမဟုတ် သတ်ဘဲသတ်မှာ လားဆိုတာ မခန့်မှန်းနိုင်ကြောင်း သူတို့က ဥပဒေမှာ သေနတ်ပြောင်းဝတွင် သာရှိနေသောကြောင့် ဒေသခံစီးပွားရေး လုပ်ကိုင်နေသူများမှ ၎င်းတို့ကို ထိတ်လန့်စိုးရိမ်စွာဖြင့် လုပ်ကိုင်စားသောက်နေရကြောင်း ထွက်ပြေးလွတ်မြောက်သူ တစ်ဦး၏ ပြောပြချက် အရ သိရှိရပါသည်။

Kachin Daily News

SHARE THIS
Previous Post
Next Post