အသင်းအတွက် အသင့်ရှိနေတယ်လို့ ပြောလိုက်တဲ့ နာနီ



ဒီနေ့မနက် ကျင်းပခဲ့တဲ့ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်မှာ အသင်းအတွက် အဖွင့်ဂိုး သွင်း ယူပေးခဲ့သူ ယူနိုက်တက် စတား လူးဝစ်နာနီဟာ အသင်းအပေါ် ကျရာနေရာကနေ ကူညီဖို့ အသင့်ရှိနေပါတယ်လို့ ဖွင့်ဟပြောဆို ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းဟာ အက်ဖ်အေဖလား ပွဲစဉ်အဖြစ် ရီးဒင်းအသင်းနဲ့ ယှဉ်ပြိုင်က စားခဲ့ရာမှာ နောက်ကျ အနိုင်ဂိုးများဖြင့် အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အသင်းအတွက် ပထမသွင်းဂိုးကို ရယူပေးခဲ့သူ မန်ချက်စတာယူနိုက်တက်ရဲ့ ပေါ်တူဂီစတား လူးဝစ်နာနီက အသင်းရဲ့ တစ်ထောင့်တစ်နေရာကနေပြီး အကျိုးပြုခွင့် ရခဲ့တဲ့ အပေါ် ကျေနပ်နှစ်သိမ့်မိေ ကြာင်း ပြောဆိုခဲ့ တာ ဖြစ်ပါတယ်။ ပွဲထွက်စာရင်းမှာ မပါဝင်ခဲ့တဲ့ နာနီဟာ ဒဏ်ရာကြောင့် ဆက်လက်မကစားနိုင်တော့တဲ့ ကွင်းလယ်ခံစစ်ကစားသမား ဖီးဂျုံးစ်နေရာမှာ ပွဲကစားချိန် (၄၂)မိနစ်မှာ ၀င်ရောက် ကစားခဲ့ပြီး အသင်း ရဲ့ ဗွေဆော်ဦးဂိုး ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အပြင် အရေးပါလှတဲ့ အနိုင်ဂိုး အတွက် ချီချာရီတို ဟာနန်ဒက်စ် သွင်းနိုင်အောင် ကူညီပေးခဲ့ပါသေးတယ်။ ဒီရာသီအစမှာ အိုးထရဒ်ဖိုဒ့်မှ ထွက်ခွာမယ်လို့ သတင်းကြီးခဲ့တဲ့ အသက် (၂၆)နှစ် အရွယ် တောင်ပံတိုက်စစ်မှူးက

“အသင်းကို ကူညီဖို့ လူတိုင်း အသင့်အနေအထားမှာ ရှိနေကြပါတယ်။ ဒီအခွင့်အရေးကို ကျွန်တော် ရခဲ့တဲ့အတွက် အရမ်းဂုဏ်ယူ မိပါတယ်။ ကျွန်တော်က ကလပ်အသင်းပေါ် ကူညီဖို့နဲ့ ကစားပေးဖို့ဆိုရင် အမြဲပျော်နေတာပါ။ ကျွန်တော် သွင်းခဲ့တဲ့ ပထမဂိုးက ပွဲကိုပြောင်းလဲ သွားစေခဲ့ပြီး နောက်ထပ် သွင်းနိုင်အောင် ပံ့ပိုးခဲ့တဲ့ ဘောလုံးက အသင်းအပေါ် ကြီးမားတဲ့ အနိုင်ပွဲ ရရှိလာစေခဲ့တာ ကျွန်တော် ကျေနပ်မိပါတယ်။ ”

ဒီပွဲမှာ အဆုံးအဖြတ် အနိုင်ဂိုးကို သွင်းယူပေးခဲ့သူ ချီချာရီတိုကလည်း အခုလို နာနီ့ပြောစကား အပေါ် ထောက်ခံလိုက်ပါသေးတယ်။

“ရီးဒင်းဟာ ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ။ သူတို့က သရေရလဒ် ရရှိအောင် ဂိုးသွင်းယူနိုင်ဖို့ ထပ်မံကြိုးစားကြပါသေးတယ်။ ဒါပေမယ့် အခုလို ကျော်ဖြတ်နိုင်ခဲ့တော့ ကျွန်တော်တို့ အရမ်းပျော်ပါတယ်။ နာနီ ၀င်လာပြီး ပထမဂိုး သွင်းပေးတယ်။ ပြီးတော့ နောက်ထပ် အခွင့်အရေးတွေ ရရှိအောင် အံ့မခန်း ဖန်တီးပြတော့တာပဲ။ သူတို့က တကယ်လေးစားဖို့ ကောင်းတဲ့ အသင်းတစ်သင်းပါ။ သူတို့လို အရမ်းကောင်းတဲ့ အသင်းကို အနိုင်ရခဲ့တော့ ကျွန်တော်တို့ အရမ်းကို ပျော်ပါတယ်။ အခုဆို နောက်ထပ် လာတော့မယ့် ကြူပီအာနဲ့ ပွဲစဉ်ကိုပဲ ကျွန်တော်တို့ အာရုံစိုက်ရတော့မယ်။ ”

SHARE THIS
Previous Post
Next Post