နေပြည်တော်သို့ အသက် ၈၆ နှစ်ရှိ တစ်ကိုယ်တော်စက်ဘီးအဘိုးအို အဘပြူးရောက်ရှိခဲ့

ဒီဇင်ဘာ ၁၆ရက်နေ့တွင် ခရီးစတင်ခဲ့သော တစ်ကိုယ်တော်စက်ဘီးစီး အဘိုးအိုအဘဦးပြူးသည် နေပြည်တော်-ပျဉ်းမနားမြို့သို့ ဖေဖော်ဝါရီ
၂ရက် နံနက် ၆ နာရီတွင် ရောက်ရှိခဲ့သည်။
ယခုခရီးစဉ်မှာ ၆ကြိမ်မြောက် ဖြစ်ကြောင်း၊ ၂၀၀၀ခုနှစ်က တစ်ကိုယ်တော်
စက်ဘီးစီးကာ တိုင်းနှင့် ပြည်နယ်ဒေသများတွင် သက်ရှည်ကျန်းမာရန် ကိုယ်လက်လှုပ်ရှား အားကစားစိတ်ဓာတ်ရှင်သန်ရေး လှုံ့ဆော်
ပညာပေးဟောပြောခြင်း၊ မျိုးဆက်သစ်လူငယ်များ ဆေးလိပ်၊ အရက်၊ ကွမ်းတို့ကအစ ရှောင်ရှား ကင်းစင်စေရေးတို့ကို အဓိကထား
ဟောပြောပို့ချခဲ့ကြောင်းနှင့် ၂၀၀၈- ၂၀၀၉ခုနှစ်များတွင် နိုင်ငံတော်အစိုးရမှ လမ်းတံတားပေါင်းများစွာ တည်ဆောက်ခဲ့ခြင်းကို ဂုဏ်ပြုခြင်းအနေဖြင့်
မြန်မာနိုင်ငံတစ်နံတစ်လျား စက်ဘီးစီးပြီး ဂုဏ်ပြုလှုံ့ဆော်ခဲ့ကြောင်း၊ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့တွင်လည်း ဒေသအသီးသီး စက်ဘီးစီး၍ တစ်ကိုယ်တော်လှုံ့ဆော်ပေးခဲ့ပြီး ယခု ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ကြိမ်မြောက် ဆီးဂိမ်းပွဲတော်ကြီး ခန့်ညားထည်ဝါစွာဖြင့် အောင်အောင်မြင်မြင်ကျင်းပ နိုင်ရေးနှင့် မြန်မာ့အားကစားပြည်သူများ စိတ်ဝင်စားစေရေးအတွက် လှုံ့ဆော်စည်းရုံးရေးအသွင်ဖြင့် ရခိုင်ပြည်နယ်မှစတင်၍ မိုင် ၃၀၀၀ ကျော်ခရီးကို တစ်ကိုယ်တည်း စက်ဘီးစီး၍ လှည့်လည်ရောက်ရှိခဲ့ပါ ကြောင်းအဘဦးပြူးကပြောသည်။
ဒီဇင်ဘာ ၁၆ရက်က စတင်ထွက်လာခဲ့ရာ မအီ၊ တောင်ကုတ်၊ သံတွဲ၊ အမ်း ထိုမှ မကွေးတိုင်း ဒေသကြီးများဖြစ်သော မင်းဘူး၊ မကွေး၊ ရေနံချောင်း၊ ပခုက္ကူ၊ ရေစကြို၊ တောင်ကြီးမှ နေပြည်တော်သို့ ရောက်ရှိလာခဲ့ခြင်း
ဖြစ်သည်။
ယခုအခါ ပျဉ်းမနားမြို့တွင် ခေတ္တနားခိုစဉ် နေပြည်တော်ရှိ ကမ္ဘာ့အဆင့်မီ အားကစားရုံများရှိရာသို့ သွားရောက်လေ့လာပြီး ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏ သီရိမြို့နယ်ရှိ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်မှ ရခိုင်ပြည်နယ်
လွှတ်တော်ကိုယ်စားလှယ်များထံသို့ သွားရောက်တွေ့ဆုံပြီး နေပြည်တော်မှ ပဲခူးတိုင်းဒေသကြီး (အရှေ့- အနောက်)ထိုမှ မွန်ပြည်နယ်၊ ၎င်းနောက် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်သို့ မိုင် ၃၀၀၀ ကျော် ခရီးကိုစက်ဘီးစီး၍ မာရသွန်ခရီးဖြတ်သန်းမည် ဖြစ်သည်။
Myanmartandawsint Newspaper

အေးချမ်းမွန်မှ တွင်Myanmartandawsint Newspaper ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

SHARE THIS
Previous Post
Next Post