မြောက်ဦးလေယာဉ်ကွင်း ပြန် မပြင်ဟုဆို


မြောက်ဦးလေယာဉ်ကွင်း ပြန် မပြင်ဟုဆို

မြောက်ဦးလေယာဉ်ကွင်းသည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကျရောက် နေပြီး ထပ်မံတိုးချဲ့ဖို့အခက်အခဲများစွာရှိတဲ့အပြင် ကုန်ကျစရိတ် လည်း လွန်စွာများပြားမည်ဖြစ်သောကြောင့် ပြန် မပြင်တော့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟန်စိန်က မနေ့ က ပြည့်သူ့လွှတ်တော်တွင် ပြောကြားသည်။

မြောက်ဦးမြို့လေယာဉ်ကွင်းဟောင်းကို ပြန်လည်ပြုပြင်မွမ်းမံ၍ လေယာဉ်ခရီးစဉ်ပြေးဆွဲပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်းအား
မြောက်ဦးမဲဆန္ဒနယ်ဦးအောင်ထွန်းသာ မြေးမြန်းချက်ကို ၄င်းက ယင်းသို့ ဖြေကြားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စစ်တွေ လေယာဉ်ကွင်း၊ ကျောက်ဖြူလေယာဉ်ကွင်း၊ သံတွဲလေယာဉ်ကွင်း၊ အမ်းလေယာဉ်ကွင်းများတွင် မြန်မာ့လေကြောင်း၊ Yangon Airways၊ Air Mandalay၊ Air KBZ၊ Air Bagan၊ Asia Wings စ‌သည့် လယာဉ်များနေ့စဉ်ပြေးဆွဲပျံသန်းလျက်ရှိသည်။

စစ်တွေလေယာဉ် ကွင်းသည် မြောက်ဦးမြို့နှင့် မိုင် ၄၀ ခန့်သာ ကွာဝေကာ မြောက်ဦးမြို့သို့ စစ်တွေလေယာဉ် ကွင်းမှတစ်ဆင့်‌ ကုန်းလမ်းခရီး၊ ရေလမ်းခရီးတို့ဖြင့်သွားလာပါက လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ခက်ခဲမှုမရှိဘဲ သွားလာနိုင်ကြောင်း ဦးဟန်စိန်က ဆိုသည်။

ဓါတ်ပုံ - Rakhine Citizen Journalists

စစ်တွေလေဆိပ်


အေးချမ်းမွန်မှ Rakhine Citizen Journalists တွင် ဖော်ပြထားသည့်သတင်းကို မူရင်းအတိုင်းမျဝေပါသည်။
မူရင်းရေးသားသူကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
https://www.facebook.com/excellencemedia

မြောက်ဦးလေယာဉ်ကွင်းသည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကျရောက် နေပြီး ထပ်မံတိုးချဲ့ဖို့အခက်အခဲများစွာရှိတဲ့အပြင် ကုန်ကျစရိတ် လည်း လွန်စွာများပြားမည်ဖြစ်သောကြောင့် ပြန် မပြင်တော့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဟန်စိန်က မနေ့ က ပြည့်သူ့လွှတ်တော်တွင် ပြောကြားသည်။

မြောက်ဦးမြို့လေယာဉ်ကွင်းဟောင်းကို ပြန်လည်ပြုပြင်မွမ်းမံ၍ လေယာဉ်ခရီးစဉ်ပြေးဆွဲပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်းအား
မြောက်ဦးမဲဆန္ဒနယ်ဦးအောင်ထွန်းသာ မြေးမြန်းချက်ကို ၄င်းက ယင်းသို့ ဖြေကြားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင် စစ်တွေ လေယာဉ်ကွင်း၊ ကျောက်ဖြူလေယာဉ်ကွင်း၊ သံတွဲလေယာဉ်ကွင်း၊ အမ်းလေယာဉ်ကွင်းများတွင် မြန်မာ့လေကြောင်း၊ Yangon Airways၊ Air Mandalay၊ Air KBZ၊ Air Bagan၊ Asia Wings စ‌သည့် လယာဉ်များနေ့စဉ်ပြေးဆွဲပျံသန်းလျက်ရှိသည်။

စစ်တွေလေယာဉ် ကွင်းသည် မြောက်ဦးမြို့နှင့် မိုင် ၄၀ ခန့်သာ ကွာဝေကာ မြောက်ဦးမြို့သို့ စစ်တွေလေယာဉ် ကွင်းမှတစ်ဆင့်‌ ကုန်းလမ်းခရီး၊ ရေလမ်းခရီးတို့ဖြင့်သွားလာပါက လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ခက်ခဲမှုမရှိဘဲ သွားလာနိုင်ကြောင်း ဦးဟန်စိန်က ဆိုသည်။

- Rakhine Citizen Journalists

SHARE THIS
Previous Post
Next Post