ကယ်သူမဲ့ နေသည့် မန္တလေး ရဲမွန်တောင်က ဦးမောင်မောင်

တရားဥပဒေစိုးမိုးတဲ့ တစ်နေ့ ဒီမြေလေးပြန်ရမှာပဲ လို့ သုံးသပ်ရင်း အသက်(၆၅) နှစ်ထိနေလာခဲ့တဲ့ ဦးမောင်မောင် ဒီနေ့တော့ ၀ရန်းလာကပ်သူတွေကို ရှင်းလင်းပြရလို့ မောဟိုက်နေတာကို မြင်ခဲ့ရတယ်။

မန္တလေးမြို့သစ်တစ်နေရာ သစ်ပင်ပန်းမန် ငါးကန်တွေနဲ့ နှစ်ပေါင်း သုံးဆယ်နီးပါး နေထိုင်ခဲ့တဲ့ ဒီမြေလေးဟာ ဗိုလ်မှူးကြီးတွေ နာမည်နဲ့ ပိုင်ဆိုင်တယ်ဆိုပြီး စည်ပင်သာယာက မြေစလစ်တွေ ထုတ်ပေးခဲ့တယ်။

အဲဒီဗိုလ်မှူးကြီးတွေကလည်း အဆင့်ဆင့် ရောင်းချလို့ ပိုင်ဆိုင်သူတွေလည်း နှစ်လက်သုံးလက် ပြောင်းခဲ့ပေါ့။

စစ်အစိုးရလက်ထက် ကတည်းက ဒီမြေပေါ်ကနေ တစ်လက်မမှ မခွါဘူးဆိုပြီး နေလာလိုက်တာဇွတ်အတင်း ထောင်ချလို့ ထောင်သုံးနှစ်လည်း ကျခဲ့၇တယ်။

အခုလည်း မတရား သူကြီးတွေရဲ့ အဓမ္မ မတရား အမိန့်ချမှုတွေကြောင့် တရားရှုံးအဖြစ် ၀ရန်းလာကပ်လို့ နှင်ထုတ်နေကြပြန်ပြီ။
ဦးမောင်မောင် ပိုင်တဲ့ ဒီမြေလေးဟာ ၁၉၈၆ ခုနှစ်မှာ ၀ယ်ယူခဲ့ပြီး ငါးကန်သုံးကန်တူးကာ ငါးမွေးမြူရေး အလုပ်ကို လုပ်ကိုင်ခဲ့တယ်။

၁၉၉၀ခုနှစ်မှာ အဲဒီငါးမွေးကန်အတွက် လန ၃၉ ကင်းလွတ်ခွင့် ပြုပေးဖို့ ခွင့်ရပြီးသားဖြစ်တယ်။

အဲဒီမြေတစ်ဧက ကျော်ဟာ လက်ရှိပေါက်ဈေးအရ သိန်းသုံးသောင်းလောက်တန်နေတော့ မြေယာလုယက်ပွဲကြီး စတင်တော့တာပေါ့။

တည်နေရာလေးကတော့မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်၊ ရဲမွန်တောင်ရွာ၊ေ၇ွှဂဲပွားကွင်း၊ ကွင်းအမှတ် ၅၁၄ ဖြစ်ပါတယ်။

အရင်မြေယာ သိမ်းဆည်းထားမှုတွေကိုတောင် ပြန်လည်ပေးအပ်နေတဲ့ ဒီမိုကရေစီခေတ်ကြီးမှာ ရဲမွန်တောင် ဒီမြေလေးကတော့ အာဏာရှိသူနဲ့ ငွေရှိသူပေါင်း၊ မတရားလုပ်နေတဲ့ တရားဥပဒေစိုးမိုးရေးပြိုလဲတဲ့ နိမိတ်ပုံတွေပေါ့။

Posted From မန္တလေးခေတ်

See More
https://www.facebook.com/pages/%E1%80%99%E1%82%8F%E1%81%B1%E1%80%B1%E1%80%9C%E1%80%B8%E1%80%B1%E1%80%81%E1%80%90%E1%80%B9/158745944270446

SHARE THIS
Previous Post
Next Post