ဖယ်လိုင်နီကို ဥရောပထိပ်တန်းကလပ်များ အပြိုင်အဆိုင် ခေါ်ယူဖွယ်ရှိ

အဲဗာတန်တွင် ခြေစွမ်းပြ ကစားနိုင်သလို တောက်လျှောက် တိုးတက်လာသည့်အတွက် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်နှင့် အင်္ဂလန် ကလပ်များဖြစ်သည့် မန်ချက်စတာစီးတီး၊ မန်ချက်စတာ ယူနိုက်တက်နှင့် ချယ်လ်ဆီးတို့က အပြိုင်အဆိုင် ချိတ်ဆက်လျှက် ရှိသည်။


ဖယ်လိုင်နီကို ဥရောပထိပ်တန်းကလပ်များ အပြိုင်အဆိုင် ခေါ်ယူဖွယ်ရှိ

အဲဗာတန် အသင်းသည် အဓိက ကွင်းလယ် ကစားသမား မော်ရို ဖယ်လိုင်နီကို ထိပ်တန်းကလပ် (၄)ခု၏ အပြိုင် ကမ်းလှမ်းမှုမျိုးနှင့် ကြုံတွေ့ရမည့် အခြေအနေမျိုး ရှိနေကြောင်း သိရသည်။ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူသည် ယခုရာသီ အဲဗာတန် အသင်း၏ ပရီးမီးယားလိဂ်တွင် အရှိန်ကောင်းကောင်း ဖြတ်သန်းမှုအတွက် အဓိက ဦးဆောင် ကစားပေးနေသူလည်း ဖြစ်သည်။ အသက်(၂၅)နှစ်ရှိ ဖယ်လိုင်နီကို အဲဗာတန်က (၂၀၀၈)ခုနှစ်က စတန်းဒက်လီဂီ အသင်းထံမှ ပေါင်စတာလင် (၁၅)သန်းဖြင့် ဝယ်ယူခဲ့သည်။

၎င်းသည် အဲဗာတန်တွင် ခြေစွမ်းပြ ကစားနိုင်သလို တောက်လျှောက် တိုးတက်လာသည့်အတွက် စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်နှင့် အင်္ဂလန် ကလပ်များဖြစ်သည့် မန်ချက်စတာစီးတီး၊ မန်ချက်စတာ ယူနိုက်တက်နှင့် ချယ်လ်ဆီးတို့က အပြိုင်အဆိုင် ချိတ်ဆက်လျှက် ရှိသည်။ အဲဗာတန် မန်နေဂျာ ဒေးဗစ်မိုယက်စ် အနေဖြင့် ၎င်း၏ အားထားရသော လက်ရုံး ကစားသမားကို စွန့်လွှတ်ရန် ဆန္ဒမရှိသော်လည်း ငြင်းဆန်ရန် ခက်ခဲသော ပြောင်းရွှေ့ကြေးမျိုးနှင့် ကမ်းလှမ်းမှု ရှိလာပါက အဲဗာတန်က လက်ခံ စဉ်းစားသွားဖွယ် ရှိနေသည်။

အဲဗာတန်က ဖယ်လိုင်နီ၏ စာချုပ်တွင် ပေါင်စတာလင် (၂၄)သန်း ပေးချေပါက ဂွတ်ဒီဆင်ပါ့ခ်ကွင်းမှ ထွက်ခွာခွင့်ရှိသည်ဟု ထည့်သွင်း ချုပ်ဆိုထားကြောင်း ခန့်မှန်းမှုများကို ငြင်းဆိုခဲ့သည်။ အဲဗာတန်သည် အဓိက ကွင်းလယ်လူ တစ်ဦးဖြစ်သော ဂျက်ရော့ဒ်ဝဲလ်ကိုလည်း ပြီးခဲ့သည့် နွေရာသီက မန်စီးတီးထံ ရောင်းချခဲ့ရသည်။ ဖယ်လိုင်နီသည် လတ်တလောတွင် အဲဗာတန်အသင်း၌ လုပ်ခလစာ အမြင့်ဆုံး ကစားသမားအဖြစ် ရပ်တည်နေပြီး တစ်ပတ် ပေါင်စတာလင် (၇၅၀၀၀)ထိ ခံစားခွင့် ရှိနေကြောင်း သိရသည်။planet news




SHARE THIS
Previous Post
Next Post