"မြန်မာ့နယ်စပ်ခြံစည်းရိုးကို မှတ်တမ်းလာတင်သည့် ဘင်္ဂလားဒေရှ့်ရဲတွေကို ဖမ်းဆီး"

မြန်မာပိုင်၊မောင်တော ခရိုင်အတွင်းက တောင်ပြို(လက်ဝဲ)မြိုနယ်ခွဲကို ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ညနေပိုင်းက အရပ်ဝတ်နဲ့ ကျူးကျော်ဝင်ရောက်လာတဲ့ ဘင်္ဂလားဒေရှ့် ရဲတပ်ဖွဲ့ဝင် သုံးဦးနဲ့ အရပ်သားတစ်ဦးကို အဲဒီဒေသက နစက အခြေစိုက်စခန်းမှာ ထိန်းသိမ်းထားတယ်လို့ နစက အရာရှိတစ်ဦးက RFA ကိုပြောပါတယ်။

ကျူးကျော်ဝင်ရောက်လာသူတွေဟာ ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းက အူတူဖာလောင် ဒုက္ခသည်စခန်းမှာ လုံခြုံရေး တာဝန်ကျတဲ့ ရဲတပ်သား မိုဟာမက် မူဂျီ ဘူရာမန်၊မိုဟာမက် အမ်မရာ ဟူစိန်၊အယ်ဖာ ဆာဂါနဲ့ အရပ်သား မိုဟာမက် ဆိုက်ဖူရ် အစ္စလာမ်တို့ ဖြစ်ပြီး၊ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေက သူတို့နိုင်ငံသားတွေကို ပြန်လည်လွှဲပြောင်းပေး ဖို့ မြန်မာအာဏာပိုင်တွေကို တောင်းဆိုထားတယ် လို့ သိရပါတယ်။

ဒီဘင်္ဂလားဒေရှ့်နိုင်ငံသားတွေဟာ မြန်မာနိုင်ငံဘက်ခြမ်းကို ကျူးကျော်ဝင်ရောက်ပြီး၊မိုင်တိုင် ၃၁ နားက နယ်စပ်ခြံစည်းရိုးတွေကို ဓာတ်ပုံရိုက် ၊မှတ်တမ်းတင်နေစဉ်မှာ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ မြန်မာဘက်ခြမ်း၊ မောင်တောခရိုင်၊တောင်ပြို(လက်ဝဲ)မြို့နယ်ခွဲနဲ့ မျက်နှာခြင်းဆိုင် ဘင်္ဂလားဒေရှ့်နိုင်ငံ ဘက်မှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ သိရပြီး၊ဘင်္ဂလားဒေရှ့်နိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေ မြန်မာနိုင် ငံပိုက်နက်ကို ကျူးကျော်ဝင်ရောက်တာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

RFA News

SHARE THIS
Previous Post
Next Post