မိတ္ထီလာမြို့တွင်းနေ မွတ်ဆလင်လူမျိုးအား မြို့ပြင်ဘောလုံးကွင်းသို့ ပို့ဆောင်ပေးလျက်ရှိ

From : ..myanma age


 

မိတ္ထီလာမြို့အတွင်း မတ်လ ၂၀ရက်နေ့ မွန်းလွဲပိုင်းအချိန်
ခန့်မှ စတင်ဖြစ်ပွားလျက်ရှိသော လူမျိုးရေးပဋိပက္ခများ
ကြောင့် မတ်လ ၂၁ရက်နေ့တွင် သီရိလင်္ကာရပ်ကွက်နေ
မွတ်ဆလင်လူမျိုးပေါင်း ပထမအသုတ်ဖြစ်သည့် လူဦးရေ
၁၀၀၀ကျော်မှာ မြို့အတွင်း ဆက်လက်မနေထိုင်ရဲသော
ကြောင့် မြို့ခံလူငယ်အချို့မှ ကာကွယ်ဝန်းရံပေးကာ မြို့နှင့်
မိုင်၃၀ဝေးသည့် ခရိုင်ဘောလုံးကွင်းသို့ လိုက်ပါပို့ဆောင်
လျက်ရှိကြောင်း မိတ္ထီလာမြို့ခံတစ်ဦးဖြစ်သူ ဒေါက်တာ
စန်းလှိုင်က ပြောကြားသည်။

“အခု ညနေ ၄ခွဲအကျော်ပေါ့။ လမ်းမပေါ်မှာ မွတ်ဆလင်
၁၀၀၀နီးပါးလောက် လက်တွေမြှောက်ပြီး လမ်းလျှောက်
နေတယ်။ သိရတာကတော့ သူတို့က မြို့ပြင်ကိုထွက်ချင်
တယ်ဆိုလို့ လက်နက်ချ လက်တွေမြှောက်ခိုင်းပြီး မြို့ခံ
လူငယ်တွေက မြို့နဲ့ မိုင်၃၀ဝေးတဲ့ ခရိုင်ဘောလုံးကွင်းကို လိုက်ပို့ပေးနေတယ်။ ဘာအဖွဲ့အစည်း အာဏာပိုင်တွေမှ
မပါဘူး”ဟု ၎င်းက ပြောကြားသည်။

ယင်းသို့ မြို့ခံလူငယ်အချို့မှ မွတ်ဆလင်လူမျိုး ၁၀၀၀နီးပါး
ခန့်ကို လိုက်ပို့နေစဉ် မွတ်ဆလင်လူမျိုး လူဦးရေ ၅၀၀ခန့်အား
သက်ဆိုင်ရာ အာဏာပိုင် ၂၀နီးပါးမှ ၎င်းတို့အဖွဲ့နောက်မှ ကာကွယ်ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မိတ္ထီလာမြို့နှင့် မိုင်ပေါင်း ၄၈မိုင်ဝေးသည့် ဆူးလေ
ကုန်းကျေးရွာတွင်လည်း ဒုက္ခသည် မွတ်ဆလင်လူမျိုး လူဦးရေ
၃၀၀နီးပါးခန့် ထားရှိထားကြောင်း ဒေါက်တာ ဦးကျော်တင့်၏
ပြောကြားချက်အရ သိရသည်။
 

 .. www.MyanmarExpress.net
 

SHARE THIS
Previous Post
Next Post
March 23, 2013 at 1:15 AM

Hey, let them stay in cemetery

Reply
avatar