မြောက်ကိုရီးယား နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ ချမှတ်လိုက်သော အရေးယူ ပိတ်ဆို့မှုနှင့် တောင်ကိုရီးယားနှင့် အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်ခဲ့

မြောက်ကိုရီးယား နိုင်ငံမှ နယ်စပ်ရှိ ပန်မွန်ဂျုံကျေးရွာ တစ်လျှောက်တွင် သွယ်တန်းထားသော အရေးပေါ် တယ်လီဖုန်း လိုင်းအား ယခုသီတင်းပတ် အစောပိုင်းက ဖြတ်တောက် ခဲ့သော်လည်း နှစ်နိုင်ငံ အကြား စစ်ဘက်သုံး အရေးပေါ် ဖုန်းလိုင်းတစ်လိုင်း ကျန်ရှိ နေသေးကြောင်း တောင်ကိုရီးယား သမ္မတရုံးမှ ပြောရေး ဆိုခွင့်ရှိသူ အမျိုးသမီး Kim Haing က ပြောကြားခဲ့ ပါသည်။

မြောက်ကိုရီးယားမှ ပန်မွန်ဂျုံ ဖုန်းလိုင်းအား ဖြတ်တောက် ခဲ့သော်လည်း အသုံးပြုလျက် ရှိကြောင်း၊ လိုအပ်ပါက အဆိုပါ ဖုန်းလိုင်းမှ တစ်ဆင့် မြောက်ကိုရီး ယား နိုင်ငံသို့ မက်ဆေ့ ပေးပို့ရန် စီစဉ်ထားကြောင်း Kim Haing က ပြောကြားခဲ့ ပါသည်။ မြောက်ကိုရီးယား နိုင်ငံသည် ၎င်း၏ တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုကြောင့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ ချမှတ်လိုက်သော အရေးယူ ပိတ်ဆို့မှု အသစ်နှင့် တောင်ကိုရီးယားနှင့် အမေရိကန် အကြား ပြုလုပ်သော ပူးတွဲ စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်ခဲ့ရာမှ အရေးပေါ် ဖုန်းလိုင်း အားမတ်လ ၁၁ ရက်နေ့က ဖြတ်တောက် ခဲ့ကြောင်း သိရှိရ ပါသည်။
မြ၀တီ

http://bit.ly/15Q0sTv

SHARE THIS
Previous Post
Next Post