ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အခြေအနေ အရပ်ရပ်ကြောင့် ယာယီ
ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်လျက် ရှိသည့် အိမ်ထောင်စု မိသားစုဝင်
များအား
ခြေတံရှည် ကျေးလက် အိမ်ရာများ ဆောက်လုပ် နေထိုင်ရေး အတွက်
ရန်ကုန်မြို့မှ သစ်ခွဲသားများကို ရေကြောင်းဖြင့် အဆက်မပြတ်
ပို့ဆောင်ပေးလျက် ရှိရာ အုပ်စု (၁) အပါအဝင် အခြားသစ် ၄၅၈ တန်ကို
စတု...တ္ထအကြိမ် အဖြစ် သယ်ဆောင်လာသော ''ထာဝရ မေတ္တာ'' သင်္ဘောသည် မတ် ၁ဝ ရက်
နံနက်ပိုင်းက စစ်တွေဆိပ်ကမ်း အမှတ် (၁) တံတားသို့ ရောက်ရှိ ဆိုက်ကပ်
ခဲ့သည်။
အဆိုပါ သင်္ဘောပေါ်မှ သစ်များကို မော်တော်ယာဉ်များဖြင့် စစ်တွေမြို့ မြန်မာ့သစ်လုပ်ငန်း သစ်အရောင်း ဆိုင်များသို့ သယ်ယူ ပို့ဆောင်ပေးလျက် ရှိသည်။ ၎င်းသစ်ခွဲသားများကို ပြည်နယ်အတွင်း ကယ်ဆယ်ရေး စခန်းများရှိ အိမ်ထောင်စု မိသားစုဝင်များအား ခြေတံရှည် ကျေးလက်အိမ်ရာများ ဆောက်လုပ်ပြီး မိုးမကျမီ နေရာ ချထားနိုင်ရေး အတွက် ဆောက်လုပ်ရေး လုပ်ငန်းခွင်များသို့ ဆက်လက် ပို့ဆောင်ပေးလျက် ရှိကြောင်း သိရသည်။
မြ၀တီ