အမေရိကန် အာကာသ အေဂျင်စီက လွှတ်တင်လိုက်သော
Curiosity စက်ရုပ် အာကာသယာဉ်သည် အင်္ဂါဂြိုဟ်ပေါ်တွင် ထူးခြားသော ရှာဖွေ
တွေ့ရှိမှုကို ထပ်မံ တွေ့ရှိခဲ့ကြောင်း အဆိုပါ အေဂျင်စီက ထုတ်ပြန် ကြေညာသည်။
၎င်း စက်ရုပ်ယာဉ်သည် တစ်ချိန်က ရေရှိခဲ့သည် ဆိုသော အထောက်အထား အဖြစ် သဘာဝ ရွှံ့စေးဓာတ် ပါဝင်သော ကျောက်သား တစ်ခုကို တူးဖော်ခဲ့သည်။
တူးဖော် ရရှိသော ကျောက်မှုန့်များ အတွင်း
အဆိုပါ တွေ့ရှိချက်သည် အင်္ဂါဂြိုဟ်ပေါ်တွင် ယခင်က သက်ရှိ တို့အား အထောက်အပံ့
ဖြစ်စေခဲ့သည့် အခြေအနေ ရှိခဲ့သည်ကို ပြသလျက် ရှိပြီးနောက် ထပ်မံစမ်းသပ်
ရှာဖွေမှုများ ပြုလုပ်သွားမည်ဟု သိပံ္ပပညာရှင် များက ပြောကြား ထားသည်။
ယခင်က လေ့လာမှု ပြုလုပ်ထားသော ကျောက်သားများသည် အက်ဆစ် သဘာဝ ရှိသော ရေထဲတွင် နစ်မြုပ်ခဲ့ဟန် ရှိလေသည်။
၎င်း အချက်သည် အင်္ဂါဂြိုဟ်ပေါ်၌ ဖြစ်တည်ဖွယ်
ရှိသော အလွန်သေးငယ်သည့် သက်ရှိများအား လက်ခံ ထားရန်အတွက် အဟန့်အတား ဖြစ်စေ
လိမ့်မည်ဖြစ်ပြီး စိန်ခေါ်မှု များစွာလည်း ထပ်မံဖြစ်ပေါ်လာဖွယ် ရှိကြောင်း
သိပံ္ပ ပညာရှင် များက ယူဆထားသည်။
ယခု တွေ့ရှိရသည့် ရွှံ့စေးများအား
လေ့လာချက်များ အရ လွန်ခဲ့သော နှစ် ဘီလီယံပေါင်း များစွာက ဂြိုဟ်ပေါ်ရှိ
အချို့နေရာများတွင် ရွှံ့စေးများ ရှိခဲ့ပြီး သက်ရှိများ ဖြစ်တည်နိုင်သည့်
နေရာ အနေအထား ပတ်ဝန်းကျင် ရှိခဲ့သည်ကို ဖော်ပြလျက် ရှိလေသည်။
Curiosity စက်ရုပ်ယာဉ်သည် အင်္ဂါဂြိုဟ်၏
အီကွေတာပေါ်ရှိ Gale Crater အမည်ရှိသော နေရာတွင် ကျောက်သား နမူနာ
တူးဖော်ခဲ့ခြင်း ဖြစ်သည်။ Curiosity စက်ရုပ်ယာဉ်သည် ၎င်းနေရာရှိ
ရွှံ့ကျောက်တုံး တစ်တုံးမှ တူးဖော်ရရှိသော ကျောက်မှုန့် နမူနာများကို
ယာဉ်ပေါ်ရှိ Sam နှင့် Chemin ဓာတ်ခွဲခန်း နှစ်ခုတွင် စမ်းသပ် စစ်ဆေးခဲ့ရာ
အဆိုပါ ကျောက်မှုန့်များတွင် သဘာဝ ရွှံ့စေးအုပ်စုတစ်မျိုး ဖြစ်သည့် Smectite
၂ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်း အထိ ပါဝင်နေသည်ကို တွေ့ရှိရသည်။
ထိုသို့ ရွှံ့ဓာတ် ပါဝင်မှု
များပြားခြင်းနှင့် ဆားဓာတ်ပါဝင်မှု မရှိခြင်းတို့သည် ရွှံ့ကျောက်များ
ဖြစ်တည် ဖွဲ့စည်းမှု အတွက် သန့်ရှင်းသော ရေရှိခဲ့သည့် ပတ်ဝန်းကျင်
ဖြစ်ခဲ့ကြောင်း အခိုင်အမာ ပြသလျက် ရှိသည်။
ဂြိုဟ်ပေါ်ရှိ အခြားနေရာများမှ
တူးဖော်ရရှိသော ကျောက်မှုန့်များကို ယခင်က သုတေသန ပြုလုပ်ခဲ့ရာတွင်
မဂ္ဂနီဆီယမ် သို့မဟုတ် အိုင်းယွန်း ဆာလဖိတ် တို့ထက် ကယ်လ်ဆီယမ် ဆာလဖိတ်
တည်ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။
ယခု Gale Crater မှ တူးဖော်ရရှိသော
ကျောက်မှုန့် နမူနာများမှာ အယ်လ်ကာလိုင်း ပါဝင်မှု နည်းပါးသော PH ပမာဏ
ရှိသည့် ပတ်ဝန်းကျင်တွင် အနည်ကျ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်ကို ဖော်ပြ
နေပါသည်။
ထို့အပြင် Curiosity စက်ရုပ်ယာဉ်သည် ရေကန်တစ်ခု၏ ကြမ်းပြင်ကို တူးဖော်ခဲ့ဟန် ရှိသည်ဟုလည်း သိပံ္ပ ပညာရှင်များက ယူဆ ထားသည်။
အသေးစိတ် လေ့လာမှု အရ သက်ရှိတို့အတွက်
အဓိကကျသော ဓာတုဒြပ်စင်များ အနက် အချို့မှာ ကာဗွန် ဖော့စဖရက်၊ အောက်ဆီဂျင်၊
ဟိုက်ဒရို ဂျင်၊ နိုက်ထရိုဂျင်နှင့် ဆာလဖာ တို့ကိုလည်း တွေ့ရှိခဲ့သည်။
Curiosity စက်ရုပ်ယာဉ်သည် အင်္ဂါဂြိုဟ်ရှိ
Gale Crater အတွင်းရှိ ရေရှိခဲ့သည်မှာ ထင်ရှားသည့် ခိုင်လုံ အောင်
အချက်အလက် များစွာကို စုဆောင်း ရရှိခဲ့သည်။
မြဝတီ
