ဆိုင်ကယ် မစီးသည့် အရာရှိတစ်ဦးနှင့် စမတ်မကျနိုင်သော စစ်သားများ

ကာကွယ်ရေး အသုံးစရိတ်နှင့် ပတ်သက်ပြီး မတ်လ ၁ ရက်နေ့ ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြု လိုက် သည်။ ကာကွယ်ရေး အသုံးစရိတ်ဆိုသည်မှာ လုပ်ငန်းသဘောအရ ဘတ်ဂျတ်သဘောအရ ကာ ကွယ်ရေး ၀န် ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ရသည် ဖြစ်သော်လည်း အမှန်တကယ်တွင် ပြည်ထောင်စု တိုင်း ရင်းသား လူမျိုး အသီးသီးပါဝင်သည့် နိုင်ငံသား အားလုံးနှင့် ဆိုင်သော အမျိုးသားရေးတာဝန် ဖြစ် သည့် နိုင်ငံတော် ကာကွယ်ရေး အသုံးစရိတ်ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေ လွင် က ရှင်းပြခဲ့သည်ကို လည်း ဖတ်လိုက်ရသည်။ သို့သော်..ထိုတာဝန်ကြီးကို ထမ်းဆောင်ရသည့် ကာ ကွယ်ရေး အင်အားမှ တပ်မတော် သားများ၏ လက်ရှိအနေအထားကို မြှင့်တင်ပေးနိုင်သည့် အနေအထား များ ဖြစ်ပေါ်လာနိုင်မည်လား ဆိုသည် ကတော့ ဆုတောင်းယုံတစ်ခုထက် ပိုပြီး လုပ်ဆောင်စရာ မရှိေ တာ့ပေ။
နေပြည်တော်သို့ အရောက် သူငယ်ချင်းစစ်ဗိုလ်တစ်ယောက်အား ယူနီဖောင်းနှင့် ကားဂိတ်တွင် တွေ့သဖြင့် ဆိုင်ကယ်နှင့် လိုက်ပါရန် ဖိတ်ခေါ်ခဲ့သည်။ ထိုသူငယ်ချင်းမှ ၄င်းတွင် အင်္ကျီနှင့် ဦးထုပ် အစိမ်း မပါသည့် အ တွက် မလိုက်ဟု ဆိုကာ ငြင်း၏။ ငြင်းရသည့် အကြောင်းအရင်းကို မေးတော့ တပ်မတော်တွင် အရာရှိ ဆိုင် ကယ် မစီးရသည့် အမိန့် ရှိသည်ဟု ဆိုသည်။ ကျွန်တော် အတော်ကို အံ့သြသင့်သွားသည်။ ဘယ်အတွက် ကြောင့် ထိုအမိန့်ကို ထုတ်သနည်း။ သူလဲ ရေရေရာရာ မရှင်းပြနိုင်။ ဆိုင်ကယ် တိမ်းမှောက်သည့်အခါ အရာ ရှိ ဆိုင်ကယ် မစီးရဆိုသည့် စည်းကမ်းဖောက်ဖျက်မှုနှင့်ပါ အရေးယူမှုများ ရှိခဲ့ဖူးသည် ဟု ရှင်းပြ သည်။

ထို့ပြင် သာမက အရာရှိ ဆိုင်ကယ် စီးသည့်အခါ ဆောင်းတွင်းတွင် ၀တ်သည့် ပြောက်ကျားအကျီင်္ အနွေး ထည်၊ စစ်စိမ်း ရောင်ရှိသည့် ဆိုင်ကယ် ဦးထုပ်တို့ပါမှ စီးရသည်ဟု ထပ်ဆိုလာပြန်သည်။ ပူအိုက်သည့် နိုင်ငံတွင် ဆောင်းတွင်း ၀တ်သည့် အနွေးထည်ကို မချွတ်တမ်းဝတ်သည့် အရာရှိများကို မြင်ယောင်ပြီး ဟုတ်လောက် သည် ဟု တွေးမိ သည်။ ထို့နောက်တွင်တော့ ဦးထုပ်စစ်စိမ်းရောင် ဆိုသည်ကို မရှင်းသဖြင့် မေးမိသည်။ တစ်နယ်တစ်ကျေးက တာဝန်ဖြင့် လာသည့်သူများ ဦးထုပ် အစိမ်းမရှိက ဆိုင်ကယ် မစီး ရတော့ပြီလားဟု မေးသည့်အခါ သူရယ်ပြီး ပြောသည်။ မရှိရင် ရှိအောင် ရှာပေါ့ဗျာတဲ့။
ထိုသည်ကား ဆိုင်ကယ်နှင့် ပတ်သက်သော တပ်မတော်သားတို့၏ အခက်အခဲပင် ဖြစ်သည်။ အခြားအဆင့် များ ကတော့ ဦးထုပ်အစိမ်းသာ လိုသည်တဲ့။ စစ်ပြောက်ကျား အနွေးထည် ၀တ်စရာမလိုဟု ပြောပြသည်။ တပ်မတော်သား အားလုံးသည် သူ့ဘာသာ အသားကျနေ၏။ ဆိုင်ကယ်များ စီးနင်းလာသည့် စစ်သား များကို ကြည့်လျှင် ပုံစံတူ၊ ဦးထုပ်စိမ်း၊ အနွေးထည်ဖြင့် ခန့်ခန့်ထည်ထည် ရှိသည်ဟုပြောလည်း ရသည်။ အရာရှိများ အပွင့်တကားကားဖြင့် ဆိုင်ကယ် စီးနေသည်ကို မမြင်ရသည့်အတွက်လည်း ကောင်းသည်ဟု ပြော၍ ရသည်။ သို့သော် ကားဝယ်မစီးနိုင်သည့် လစာ အနေအထား၊ ရာသီဥတု၊ အလွယ်တကူ ရရှိရန် ခက်ခဲမှု တို့ကို စဉ်းစား ပါက တစ်မျိုးတစ်ဖုံ ဖြစ်နိုင်ပေမည်။ မကြာမီ ကလေးများ၊ အလုပ်သမားများ၊ ၀န်ထမ်းများဖြင့် ကြပ်ညှပ်နေ သော ကားတစ်စီးရောက်လာသဖြင့် နှုတ်ဆက်ကာ ကားပေါ် တက်သွားတော့သည်။

သိပ်မကြာခင် မြို့ကို ပြန်ရောက်တော့ ယူနီဖောင်း ၂ စုံကို ထည်လဲ ၀တ်နေသည့် အရာရှိ တစ်ယောက်ကို တွေ့ ရပြန်သည်။ ငွေကြေးတတ်နိုင်မှုပေါ် မူတည်၍ ခန့်ညားစွာ ၀တ်ကြသော အခြားသူများအတိုင်း ၀တ်ရန် မေးကြည့်၏။ ၀တ်စုံစရိတ်က ၄ နှစ်ကို ၁ သိန်းရကြောင်း ပြောပြသည်။ နိုင်ငံ့ကာကွယ်ရေးအတွက် ၀တ်သည့် တပ်မတော်သားအတွက် ၄ နှစ်မှ ၁ သိန်းဆိုသည့် ၀တ်စုံစရိတ်မှာလည်း စဉ်းစားစရာ ဖြစ်သည်။ မကြာခင် ရှေ့တန်းထွက်တော့မည့်သူက တစ်လလျှင် သက်စွန့်ဆံဖျားစရိတ်အတွက် ၅၀၀၀ ကျပ်ရကြောင်း ထပ်ပြော၏။ အသက်စွန့်၊ ခြေလက်အင်္ဂါများအတွက် ရရှိသည့်လစာမှာ ၅၀၀၀ ပဲလားဟု မေးကြည့်မိသည်။ ဒါဆိုရင် လစာထဲက ၅၀၀၀ ပြန်အမ်းပြီး အသက်မစွန့်ဘူး လုပ်လိုက်ပေါ့ကွာ ဆိုတော့ သူတို့ သဘောကျကြ၏။
ယခုကဲ့သို့ လစာစရိတ်များ တိုးလာခြင်းမှာ ၂၀၀၀ ပြည့်နှစ် အလွန်မှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည့် အခါ တွင်မှ ၂၀၀၀ အစောပိုင်း ပေးဆပ်ခဲ့သူများအတွက် မဖော်ပြနိုင်သည့် ခံစားချက်တစ်ရပ် ဖြစ်လာရ သည်။ ထိုသို့ အခြေအနေများ ရှိခဲ့သည့် တပ်မတော်သားများအတွက် လက်ညှိုးထိုးပြစရာ မရှိ။ မြင်တွေ့နေ ရ သည့် ပတ်ဝန်း ကျင်မှ ရဲဘော်များမှ အစ မမြင်တွေ့ရသည့် တပ်မတော်အကြီးအကဲများ အဆုံး မည်သူမျှ အနားမ ရခဲ့ကြ။ ခေတ် စနစ် တစ်လျှောက်လုံးတွင် စစ်တိုက်ရန်၊ စစ်တိုက်ရန် မရှိက လေ့ကျင့်ရန်၊ လေ့ ကျင့် ရန် မရှိက ပြည်သူ့အကျိုး ပြု လုပ်ငန်းများ ဆောင်ရွက်ရန် ဆိုသည့်အတိုင်း အချိန်ပြည့် အလုပ် လုပ်နေသည်ကို တွေ့ရသည်။ မော်လမြိုင် စစ်တိုင်းမှ အရာရှိများ ဆိုလျှင် မနက် ၇ နာရီမှ ည ၈ နာရီထိ ရုံးမဆင်းနိုင်ကြသည်ကိုလည်း တွေ့ရသည်။
အပင်ပန်း အဆင်းရဲ ခံရပုံချင်း မတူပေမယ့် စစ်စိမ်းရောင် ယူနီဖောင်း အောက်တွင် သူတို့၏ ပေးဆပ်ရမှုမှာ အတူ တူပင် ဖြစ်သည်။ တပ်မတော်တစ်ရပ်အတွက် ပြင်ဆင်ရမည့် အရာများ အားလုံး ပြင်ဆင်ပါက ယနေ့ တောင်း သည့် ကာကွယ်ရေး အသုံးစရိတ်ကို ၃ ဆ၊ ၄ ဆ ခန့်ရမှသာ ပြင်ဆင်နိုင်မည် ဖြစ်သည်။ တပ်ရင်း ပိုင် လယ်များ၊ ခြံများ မရှိခဲ့ပါက စားဝတ်နေရေးနှင့် တပ်ရင်းတစ်ခု လည်ပတ်ရေးတို့အတွက် ၀န်ထုပ်ဝန် ပိုး များ ပိုမို ကြီးမားစေမည် ဖြစ်သည်။ ထိုသို့ အခက်အခဲများစွာကြားမှ မည်သည့်အတွက်ကြောင့် စစ်သားများ ကို တိုက် ခိုက် နေကြ သည်ကိုတော့ ကျွန်တော် နားမလည်။
အဆင်ပြေပြီး အေးဆေးစွာ ကျော့မော့နေနိုင်သော စစ်သားများသည် အချိန်တစ်ခုတွင် အသက်စွန့် တာဝန် ထမ်းဆောင်ကြရမည် ဖြစ်သည်။ ပြီးခဲ့သည့် စစ်ပွဲအတွင်း ရုရှားသင်တန်း တက်စဉ်က ကွန်ပျူတာ သုံး၊ စာများ ကဗျာများရေးခဲ့သော သူတစ်ယောက် ကချင်ပြည်နယ်တွင် အသက်ပေးခဲ့သည်ကို ကြားခဲ့ရ သည်။
နောက်ဆုံးတွင်တော့ စဉ်းစားမိသည်မှာ နိုင်ငံ၏ ၀န်ထမ်းများ အခွင့်အရေးများ ပိုမို ရရှိလာပါက စစ်သား များ လည်း အခွင့်အရေးများ ရရှိလာနိုင်သည်ဟုသာ တွေးမိသည်။ စစ်သားများကဲ့သို့ အသက်မစွန့်ရ၊ နယ် စပ် များ တွင် ပင်ပန်းဒုက္ခ မခံရသော်လည်း စားဝတ်နေရေး ပြဿနာကြောင့် ၀န်ထမ်းများ ပြေလည်မှု မရှိ။ စစ်သားများ ၀တ်စုံစရိတ် ၄ နှစ်တွင် ၁ သိန်းရပေမယ့် ၀န်ထမ်းတွင် မရှိ။

ထိုအခက်အခဲ အားလုံးသည် ယခင်အစိုးရလက်ထက်တွင်မှ မဟုတ် ယနေ့ အစိုးရလက်ထက်တွင်လည်း ဖြစ် နေသည်။နောင်လာမည့် အစိုးရ အဆက်ဆက်များတွင်လည်း ဖြစ်နေမည်မှာ မလွဲပင်။ လွှတ်တော် အမတ်များ ၅၀၀ ကျပ် ပေး၍ Air Con ကားကို စီးပြီး လွှတ်တော်တက်ရသည်ကို ဒုက္ခဟု ထင်သ ည့်အချိန် တွင် စစ်ကျန် ဘတ်စ်ကားများ၊ တပ်မတော်သုံး စစ်ကား TE ကဲ့သို့ ယဉ်မျိုးကို ဆေးရောင် ပြောင်းသုတ်ပြီး စီးနင်းနေကြရ သည့် ၀န်ထမ်းများ၊ သားသမီးများကို ကျောင်းထားရမည့် ကုန်ကျစရိတ်များ အတွက် ပူပင်ေ နရသည့် ၀န်ထမ်း များကို အဘယ်အတွက်ကြောင့် မီဒီယာနှင့် တာဝန်ရှိသူတို့ မျက်ကွယ်ပြုသည်ကို စဉ်းစား မရတော့ပေ။
ဆိုင်ကယ် မစီးသည့် အရာရှိ တစ်ဦးနှင့် ဆုံတွေ့ရာ မှ ဖြစ်တည်လာခဲ့သည့် အတွေးများကို ရေးမိခြင်းသာ ဖြစ် သည်။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါသည်။

SHARE THIS
Previous Post
Next Post