ဘောလုံးကွင်း တစ်ခုစာမျှ အရွယ်အစားရှိသည့် ဥက္ကာခဲတစ်လုံးသည် ကမ္ဘာအနီးမှ ယခုသီတင်းပတ်အတွင်း ဖြတ်သန်းသွားမည်ဟု သိရှိရသည်။
ပေ(၃၃၀) ရှည်လျှားသော ဥက္ကာခဲ 2013 ETသည် ကမ္ဘာမြေမှ မိုင်ပေါင်း ခြောက်သိန်းအကွာတွင် စနေနေ့၌ ဖြတ်သန်းသွားမည်ဟု နက္ခတ်ဗေဒ ပညာရှင်များက ပြောကြားခဲ့သည်။
အာကာသအတွင်းမှ အဆိုပါ ကျောက်စိုင်ခဲကြီးသည် တနင်္လာနေ့က ၎င်းထက် (၁၀)ပုံ (၁)ပုံ သေးငယ်သော ဥက္ကာခဲတစ်ခု ကမ္ဘာနှင့် နီးကပ်သော နေရာမှ ဖြတ်သန်းပြီးနောက် တစ်ပတ်အတွင်း ဒုတိယမြောက် ဥက္ကာခဲအဖြစ် ကမ္ဘာနားသို့ ရောက်လာမည် ဖြစ်သည်။
(၃၃)ပေ အရှည်ရှိသည့် ဥက္ကာခဲ 2013 ECသည် တနင်္လာနေ့က ကမ္ဘာနှင့် မိုင်ပေါင်းနှစ်သိန်းသုံးသောင်း
2013 ETကျော်ဖြတ်ချိန်တွင် ယင်းနှင့် ကမ္ဘာတို့ကြားရှိ အကွာအဝေးသည် လနှင့် ကမ္ဘာကြား အကွာအဝေးထက် နှစ်ဆခွဲ ပိုများမည် ဖြစ်သောကြောင့် ကမ္ဘာမြေကို ထိခိုက်ရန် အကြောင်းမရှိဟုလည်း သိရသည်။
အီတလီနိုင်ငံရှိ နက္ခတ်ဗေဒ ပညာရှင်များကမူ အဆိုပါ ဥက္ကာခဲ ဖြတ်သန်းချိန် ကို နက္ခတ်တာရာကြည့် မှန်ပြောင်းဖြင့် လေ့လာစောင့်ကြည့်ကာ တိုက်ရိုက်လွှင့်တင် ပြသမှု ပြုလုပ်ရန် စီစဉ်ထားသည်။
နက္ခတ်ဗေဒ ပညာရှင်များက ကမ္ဘာမြေ အရွယ်အစားမျှပင် ရှိနိုင်သည့် ဥက္ကာခဲပေါင်း အနည်းဆုံး (၁)သန်းမျှ လွင့်မျောနေနိုင်သည်ဟု ယုံကြည် ထားသော်လည်း ယနေ့အချိန်ထိ စုစုပေါင်း (၉၇၀၀)ဝန်းကျင်ထိသာ ရှာဖွေ တွေ့ရှိထားသည်။
Read more http://www.planet.com.mm/news/
Source: NBC News
Planet Myanmar Network
လေးမြို့ သတင်းမီဒီယာမှ နောက်ဆုံးရသတင်းများအား သင့်ဖုန်းတွင် App တစ်ခုအဖြစ်ထည့်သွင်းထားပြီး လွယ်ကူအဆင်ပြေစွာ ဖတ်ရှုနိုင်ပါပြီ … အောက်ပါ လင့်အား ကလိ(၂)ချက်နှိပ်ပြီး Download ရယူနိုင်ပါပြီ
LAY MRO.apk
