မြန်မာနိုင်ငံတွင် ငါးတက္ကသိုလ် Fisheries University ဖွင့်လှစ်မည်။


မြန်မာနိုင်ငံတွင် ငါးတက္ကသိုလ် Fisheries University ဖွင့်လှစ်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်းအား မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဦးခင်မောင်အေး က ရှင်းလင်းဖြေကြားရာ တွင် မွေးမြူရေး နှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ငါးသယံဇာတများရေရှည်တည်တံ့ ထုတ်ယူ သုံးစွဲနိုင်ရေးအတွက် ငါးလုပ်ငန်းဆိုင်ရာ အသိအမြင် ဗဟုသုတများပြန့်ပွားရန်၊ ငါးလုပ်ငန်း စီမံခန့်ခွဲမှု များစနစ်တကျရှိစေပြီး နိုင်ငံတကာစံချိန်စံနှုန်းများနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်နိုင်စေရန်

ငါးလုပ်ငန်း ဆိုင်ရာဖွံ့ဖြိုးရေးနှင့် သုတေသနလုပ်ငန်းများ ကို ဒေသတွင်းအခြားနိုင်ငံများနဲ့တန်းတူဆောင်ရွက်နိုင် စေရန် မြန်မာနိုင်ငံငါးကဏ္ဍကို တိုးမြှင့်ဆောင်ရွက်ပေးနိုင်မည့် ငါးလုပ်ငန်းတက္ကသိုလ်တစ်ခုကို ဖွင့်လှစ်နိုင်ရေးအတွက် နိုင်ငံတော် သို့မဟုတ် နိုင်ငံတကာအကူအညီ အထောက်အပံ့များရရှိရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိပြီးရရှိပါက ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ပထမနှစ်သင်တန်း လက်ခံဖွင့်လှစ်နိုင်ရေး မျှော် မှန်းဆောင်ရွက်လျက် ရှိပါကြောင်း ဦးစွာတင်ပြပါသည်။

ငါးလုပ်ငန်းတက္ကသိုလ် ထူထောင်ဖွင့်လှစ်နိုင်ခြင်းဖြင့် မြန်မာ့အဏ္ဏဝါနှင့် ကုန်းတွင်းပိုင်း ရေနေသယံဇာတများကို စနစ်တကျထုတ်ယူသုံးစွဲနိုင်မည့်‌ ငါးလုပ်ငန်းဆိုင်ရာ ပညာဗဟုသုတကြွယ်ဝသည့် မျိုးဆက်သစ် ပညာတတ် ဝန်ထမ်းငယ်များကို မွေးထုတ် နိုင်ခြင်း၊

ရေလုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်း ပြုနေကြ သည့် ရေလုပ်သား များသို့ ငါးဖမ်းဆီးခြင်း၊ ငါးမွေးမြူခြင်း၊ ပြုပြင်စီမံထုတ်လုပ်ခြင်းများကို စနစ်တကျ ပညာပေးဖြန့်ဝေနိုင်ခြင်း၊

ရေလုပ်သားများ မှလည်း ရေလုပ်ငန်းဆိုင်ရာ ကုန်ထုတ်လုပ် ငန်းကြီးများကို နိုင်ငံတကာဈေးကွက်နဲ့အညီဆောင်ရွက် နိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများကို တိုးတက်ရရှိ၍ ၎င်းတို့၏ လူမှုစီးပွားရေး အခြေအနေများ တိုးတက်မြင့်မားလာခြင်းဖြင့် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာခြင်းစသည့် အကျိုးကျေးဇူး များကို ရေရှည်ခံစား ရရှိမည်ဖြစ်ပါကြောင်း ပြောကြားလိုပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းရဲ့ မြန်မာနိုင်ငံတွင် ငါးတက္ကသိုလ် (Fisheries University) ဖွင့်လှစ်ရန်မေးခွန်းနှင့်ပတ်သက်၍

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် Fisheries University သို့မဟုတ် University of Fisheries Sciences ငါးလုပ်ငန်းတက္ကသိုလ်တစ်ခု တည်ရှိရန်သည်
ခေတ်စနစ်နဲ့ လွန်စွာ ကိုက်ညီပြီး မပျက်မကွက်ဆောင်ရွက်ရန်
လိုအပ်သည့်အတွက်

အမျိုးသားဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများ (National Comprehensive Development Plan-NCDP) တွင် နိုင်ငံတော် အဆင့်စီမံကိန်း National Project အဖြစ်ထည့်‌သွင်း ၍ မိတ်ဖက် အလှူရှင်နိုင်ငံ Partner Donor Countries များ၏ပံ့ပိုးကူညီမှုဖြင့်

အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ငါးလုပ်ငန်းနှင့်ပတ်သက်၍ စိတ်ဝင်တစားမေးမြန်းပေးသည့် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းနှင့် မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းအား အထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါသည်။

  ပြည်သူ့လွှတ်တော်


SHARE THIS
Previous Post
Next Post