Thursday, 28 March 2013
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၇ လမ်းနှင့် ၃၈ လမ်းကြား ၈၉ လမ်း
ပေါ်ရှိ နေအိမ်တစ်လုံးမှစ၍ မီးလောင်ကျွမ်းမှုတစ်ခု မတ်လ ၂၈ ရက် မွန်းလွဲ ၂ နာရီ အချိန်
က ဖြစ်ပွားခဲ့သည်။
"မီးလောင်တဲ့ဝန်းကျင်မှာ ဘုန်းတော်ကြီးကျောင်းတွေ အများစုရှိနေတာရယ်၊ ဒီနေ့ကလည်း မ
စိုးရိမ်ဆရာတော်ကြီးရဲ့ ဈာပနအခမ်းအနား ပြုလုပ်မယ့်
အချိန်မို့ မီးလောင်တဲ့အချိန်မှာ သံဃာတော်တွေက မီးသတ်တွေနဲ့ အတူ ဖြစ်ဖြစ်ချင်းမှာပဲ ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့လို့ အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့
တယ်" ဟု မီးလောင်မှုဖြစ်စဉ် အနီးတွင်ရှိသူရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုပါသည်။
မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၅ လုံးခန့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး
ဖြစ်စဉ်နှင့်ပတ်သက်၍ မဟာအောင်မြေမြို့နယ်
တွင်အမှုဖွင့် ဆောင်ရွက်
လျက်ရှိကြောင်း သိရသည်။
မန္တလေးတိုင်း ဒေသကြီးတွင် ၂၀၁၁ ဇန်န၀ါရီ
လတွင် အကြိမ် ၂၀၊ ဖေဖော်
ဝါရီလတွင် ၃၁ ကြိမ် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်ဟု မန္တလေးတိုင်း
ဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။
eleven media group
မန္တလေးမြို့ မဟာအောင်မြေ မြို့နယ်တွင် မတ်လ ၂၈ ရက်က မီးလောင်ကျွမ်းမှု ဖြစ်ပွား
Published with Blogger-droid v2.0.10