Thursday, March 28, 2013
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးအချို့တွင် ဖြစ်ပေါ်
နေသောဆူပူမှု၊ နယ်မြေ
မငြိမ်းချမ်းမှု၊ အကြမ်းဖက်မှုဖြစ်စဉ်များနှင့်
ပတ်သက်၍ ပြည်တွင်းရှိ လူမှု
အကျိုးပြုအဖွဲ့အစည်းများနှင့် အနုပညာရှင်များပူးပေါင်းဖွဲ့စည်းလိုက်သော ဘာသာပေါင်းစုံ
ညီညွတ်ရေးနှင့် အကြမ်းဖက်မှုများကာကွယ်တားဆီးရေး
ကွန်ရက်က မတ်လ ၂၇ ရက်၌ အချက် ရှစ်ချက်ပါကြေညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။
ယင်းကြေညာချက်တွင် ပြည်သူလူထုတစ်ရပ
်လုံးမှာ ဘာသာရေး၊ လူမျိုးရေး
အစွန်းရောက်မှုများ၏ ထောင်ချောက်မှသတိထားရှောင်ရှားနိုင်ရန် အရေးတကြီးလိုအပ်နေပြီး အစိုးရတာဝန်ရှိသူများကလည်း လက်ရှိဖြစ်ပေါ်နေသောရာဇ၀တ်မ
ှုများကို ဥပဒေနှင့်အညီ တိကျစွာကိုင်တွယ်ဖြေရှင်း၍ နောင်မဖြစ်ပေါ်
စေရန်နှင့် နောက်ကွယ်မှကြိုးကိုင်နေသော လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများအား
အမြန်ဆုံးအရေးယူပေးရန် တိုက်တွန်းတောင်းဆိုထားသည်။
ထို့အပြင် လက်ရှိဖြစ်ပျက်နေသောဖြစ်စဉ်များကြောင့် အေးချမ်းစွာ ပညာ
သင်ကြားလိုသော၊ လုံခြုံစိတ်ချစွာ အသက်မွေး
ဝမ်းကြောင်းပြုလိုကြသော
၊ ငြိမ်းချမ်းစွာအတူတကွ ရှင်သန်နေထိုင်လိုကြ
သောပြည်သူများမှာ စိတ်နှလုံးမချမ်းမြေ့မှုများဖြစ်ပေါ်နေရ
ကြောင်း၊ ယခု
ဖြစ်စဉ်များကို ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့ ကြားဖြစ်ပေါ်နေသော ဘာသာရေး၊ လူမျိုးရေးပဋိပက္ခ
ဟုမှတ်ယူရန် ခဲယဉ်းပြီးနိုင်ငံသားတို့၏ အရိုးခံဘာသာရေးယုံကြည်မှုကို လူ
တစ်စု၊ အဖွဲ့အစည်းတစ်ခုက ရည်ရွယ်ချက်ရှိရှိ
အသုံးချနေသည်ဟု ရှုမြင်
ကြောင်း၊ လုံခြုံရေးတာဝန်ရှိသူတို့အနေဖြင့်
ထိရောက်စွာ အရေးယူဆောင်
ရွက်ရန်ပျက်ကွက်မှုကြောင့်တရားဥပဒေစိုး
မိုးမှုမရှိတော့ဘဲ မလိုလား
အပ်သော ကြေကွဲဖွယ်ဖြစ်ရပ်ဆိုးများ ကြုံတွေ့ခဲ့ရပြီး ပဋိပက္ခများ ပိုမိုကြီးထွားခဲ့ရသည်ဟု ကောက်ချက်
ဆွဲနိုင်ကြောင်း ဖော်ပြပါရှိသည်။
ယင်းကြေငြာချက်ထုတ်ပြန်သည့် ကွန်ရက်ကို
ဆရာမသန်းမြင့်အောင် တည်ထောင်သည့် အောင်ကွန်ရက် Myanmar ICT for
Development Organization Triangle Women
Support Group၊ ၈၈မျိုးဆက်ကျောင်း
သားများအဖွဲ့မှအမျိုးသမီးများ၊ Rainfall အဖွဲ့၊
Unison အဖွဲ့၊ Noble Mind အဖွဲ့၊ ဆည်းဆာရိပ်
ဘိုးဘွားရိပ်သာ၊သုခရိပ်မြုံပရဟိတဂေဟာ၊ ကရင်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးများကွန်ရက်အဖွဲ့များ ကွန်ရက်နှင့် အနုပညာရှင်များက ပူးပေါင်းပြီး ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
“ပထမတော့ အမျိုးသမီးကွန်ရက်အချင်းချင်း စုပေါင်းပြီးလုပ်ရာကနေ တစ်ခြားအဖွဲ့အစည်းတွေပါ စိတ်ဝင်တစားနဲ့ပါဝင်လာလို့ “ဘာသာပေါင်းစုံ ညီညွတ်ရေးနှင့် အကြမ်းဖက်မှုများကာကွယ်တားဆီးရေး
ကွန်ရက် ”ဆိုပြီး ဖွဲ့လိုက်တာပါ”ဟု အောင်ကွန်ရက်မှ ဒေါ်သန်းမြင့်အောင်
က ပြောသည်။
7Day News Journal