ကျောက်ကပ်သန့်စင်စက်ကဲ့သို့စက်တစ်မျိုးဖြင့် သွေးတွင်းအဆီ ဓါတ်လျှော့ချနိုင်

LDL apheresis ဟုခေါ်သည့် စက်သည် Loyola တက္ကသိုလ်တွင် တည်ရှိပြီး ကျောက်ကပ်သန့်စင်စက် (dialysis) နှင့်အလုပ်လုပ်ပုံဆင်တူ သည်။ ဘ၀နေထိုင်မှုပုံစံပြောင်း လဲခြင်း၊ ဆေးဝါးများပေး၍ ကုသခြင်းဖြင့် သွေးတွင်းကိုလက်စထ ရောပမာဏကို ထိန်းချုပ်နိုင်ခြင်း မရှိသူများအတွက် အဓိကတီထွင် ထားခြင်းဖြစ်သည်။
၎င်းင်းစက်ဖြင့်ကုသရန် LDL Cholesterol၂၀၀ mg/dl ပမာဏ အထက်ရှိသူ နှလုံးရောဂါသည်များ၊ LDL Cholesterol ၃၀၀ mg/dl အထက်ရှိသူ နှလုံးရောဂါမရှိသေးသူ များအား ဦးစားပေးရွေးချယ်ခဲ့သည်။
နှစ်ပတ်တစ်ကြိမ် သွေးတွင်း အဆီသန့်စင်စက်ဖြင့် နှစ်နာရီမှ လေးနာရီကြာအောင် သွေးတွင်းအန္တရာယ် ရှိကို လက်စထရော (LDL Cholesterol) ကို ၇၀ ရာနှုန်းမှ ၈၀ ရာနှုန်း အထိ ဖယ်ထုတ်ပေးပြီး ခန္ဓာကိုယ် အတွင်း သွေးပြန်လည်ထည့်သွင်း ပေးသည်။ အကျိုးပြုကိုလက်စထ ရောဖြစ်သည့် HDL Cholesterol ကိုမူ ဖယ်ရှားခြင်းမပြုပေ။
“ကျွန်မအတွက်တော့ အသက် ကယ်ဆေးတစ်ခုပါပဲ။ ဒီကုသမှုကို သာ ရပ်လိုက်ရင် နောက်ထပ်နှလုံး ဖောက်ပြန်မှု (heart attack) ထပ် ဖြစ်မှာ အသေအချာပါပဲ” ဟု နှလုံး ဖောက်ပြန်မှုနှစ်ကြိမ်ခံစားရပြီး နှလုံးသွေးကြောတွင်း သွေးကြောချဲ့ ပြွန် (stent) ထည့်ထားရသူ ဖရန်တိုး ဘီးယားစ်ကဆိုသည်။

Health Updates Journal

သီဟ
Source : ANI

Health Updates Journal

SHARE THIS
Previous Post
Next Post