ချန်ပီယံသရဖူအတွက် အခြေအနေကောင်းလာပြီလို့ ကြေညာလိုက်တဲ့ ရွန်နီ



စနေနေ့ညက ရီးဒင်းအသင်းနှင့် အမှတ်ပေးပွဲစဉ်တွင် ၎င်း၏ သွင်းဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် မန်ချက် စတာယူနိုက်တက်ရဲ့ တိုက်စစ်မှူး ၀ိန်းရွန်နီက မိမိတို့အနေဖြင့် ပရီးမီးယားလိဂ် သရဖူကို ဆုပ်ကိုင်နိုင်ဖို့ အကောင်းဆုံး အနေအထားသို့ ရောက်လာခဲ့ပြီလို့ ထုတ်ဖော်ပြောဆို လိုက်ပါတယ်။
အနီးစပ်ဆုံးပြိုင်ဖက်နှင့် လက်ရှိချန်ပီယံလည်း ဖြစ်သော မန်ချက်စတာစီးတီးအသင်းဟာ အဲဗာတန် အသင်းအား ၂-၀ဖြင့် အံ့အားသင့်စဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ရီးဒင်းအသင်းအား တစ်ဂိုးအသာဖြင့် အနိုင်ရ ခဲ့သည့် မန်ချက်စတာယူနိုက်တက်ဟာ ယခုအခါမှာ (၁၅) အကွာဖြင့် အမှတ်ပေးဇယားကို ဦးဆောင် ထားနိုင်ခဲ့ပါတယ်။ လက်ကျန်ပွဲစဉ် ကိုးပွဲသာ ကျန်ရှိတော့သည့် အခြေအနေတွင် မိမိတို့ အနေဖြင့် ဗိုလ် စွဲနိုင်ရန် အကောင်းဆုံး အနေအထားသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သော်လည်း ပရိုဖက်ရှင်နယ် ပီပီသသဖြင့် ပွဲအားလုံးကို အာရုံစိုက် ကစားရမှာ ဖြစ်ကြောင်းလည်း ရွန်နီက ၀န်ခံခဲ့ပါတယ်။

“ဒီနေ့ရတဲ့ သုံးမှတ်ဟာ အရမ်းကို အရေးပါတယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ ဘာလို့လည်းဆိုတော့ စီးတီးက သုံးမှတ်ရှုံးသွား ခဲ့တာကိုး။ ဒီပွဲဟာ ခက်ခဲတဲ့ ပွဲတစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့တယ်။ ဒါဟာ အရေးပါတဲ့ အချက်တစ်ချက်ပါ။ ” ယူနိုက်တက် စတားက ESPN သို့ ပြောခဲ့တာ ဖြစ်ပါတယ်။

“ဒီရလဒ်ဟာ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့ သိထားပြီးသားပါ။ ကျွန်တော်တို့ အနေနဲ့ ဒါကို မဖြစ်မနေရဖို့ အားထုတ်ခဲ့ကြပြီး ဘယ်လိုပဲဖြစ်ဖြစ် လိုချင်တဲ့ ရလဒ်ကို ရလာခဲ့ကြတယ်။ စီးတီး ရှုံးနိမ့်သွားတာ အရမ်းကောင်းပါတယ်။ ဒါပေမယ့် အရေးကြီးတာက ဒါကို သုံးမှတ်ကွာခြားသွားအောင် ယူနိုင်ခဲ့ကြတယ်။ ကျွန်တော်တို့ဟာ ပရော်ဖက်ရှင်နယ် ကစားသမား တွေပါ။ အခုကိုးပွဲသာ ကစားဖို့ ရှိတော့ပြီး အခြေအနေလည်း ကောင်းနေပြီ ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ အပတ်စဉ် အပတ်စဉ်တိုင်း ကျွန်တော်တို့ရဲ့ တာဝန်ကို ကျေပွန်အောင် လုပ်ရမှာပါ။ ပထမနေရာ မှာပဲ ဖြစ်ဖြစ် ဒုတိယနေရာမှာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ အနေနဲ့ ပွဲတိုင်းကို အနိုင်ရဖို့ ကြိုးစားအားထုတ် ရမှာပါပဲ။”

ဆက်လက်ပြီး ရွန်နီဟာ ဦးဆောင်သူ ကင်းမဲ့နေတဲ့ ရီးဒင်းအသင်းရဲ့ တိုက်ပွဲဝင် စိတ်ဓါတ်အပေါ် ချီးကျူး စကား ပြောဖို့လည်း မမေ့လျော့ခဲ့ပါဘူး။

“သူတို့ကို ကျွန်တော်တို့ အံ့သြမိပါတယ်။ သူတို့ဟာ အသင်းကောင်း တစ်သင်းဖြစ်ပေမယ့် ပရီးမီးယား လိဂ်မှာ တင်ကျန်နိုင်ဖို့ တိုက်ပွဲဝင်နေရပါတယ်။ ဒါကြောင့်လည်း သူတို့နဲ့ ရင်ဆိုင်ရတဲ့ အသင်းတိုင်း ခက်ခဲနေတာပါ။ သူတို့ကို ကျွန်တော် အပြည့်အ၀ ချီးကျူးပါတယ်။ သူတို့တွေကြောင့် ပွဲကောင်းတစ် ပွဲ ဖြစ်ခဲ့ရတာပါ။”
Myanmar Manchester United

SHARE THIS
Previous Post
Next Post