သံတွဲမြို့နယ်တွင် ဒွာရာဝတီ ပရိယတ္တိ သာသနာ့နုဂ္ဂဟအဖွဲ့နှင့် ပညာရေးဌာန
ပူးပေါင်း၍ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်လျှက်ရှိပါသည်။
သာသနာ့နုဂ္ဂဟအဖွဲ့မှ ဦးတင်ဝင်း (လ/ထ ပြည်နယ်ပညာ-ငြိမ်း)၊ ဦးကျန်အောင်
(မြို့နယ်ပညာ-ငြိမ်း) နှင့် ခရိုင်ပညာ၊ မြို့နယ်ပညာ ပူးပေါင်းကာ သင်ကြားရေး
စီမံချကိ ရေးဆွဲခဲ့သည်။ မတ်လ ၂-ရက်တွင် မ-ဒွာရာဝတီ၊ ၅-ရက်တွင် ကင်းမော်
ဘုန်းတော်ကြီးကျောင်း၊ ၇-ရက်-မ-နန်တော်ပြင်၊ ၈-ရက် မ-နန်းချောင်း
စတင်ဖွင့်လှစ် သင်ကြားခဲ့။ လ-ငကျော်တောင်၊ မ-ရွှေကျောင်းပြင်၊ လင်းသာ
ဘုန်းကြီးကျောင်း၊ ဥယျာဉ်ကွင်း ဘုန်းကြီးကျောင်း၊ မ-ဒါဝ တို့တွင် ဖွင့်လှစ်
သင်ကြားလျှက်ရှိနေသည်။
တက္ကသိုလ်ဝင် စာမေးပွဲ ပြီးပါက အခြားကျောင်းများတွင် ဆက်လက် ဖွင့်လှစ်သွားရန်ရှိပါသည်။ သင်တန်း အပြီးတွင် စာမေးပွဲပြုလုပ်၍ ဒွာရာဝတီ ပရိယတ္တိ သာသနာ့နုဂ္ဂဟအဖွဲ့က ဆုချီးမြှင့်ပေးပါသည်။ နှစ်စဉ် ဆောင်ရွက်လာခဲ့ခြင်းဖြစ်ပါသည်။ သင်တန်းအတွက် စာအုပ်များကို အလှူရှင်များက လှူဒါန်းကြပါသည်။ သင်တန်းတွင် တက်ရောက်သည့် ကလေးငယ်များကို စေတနာရှင်များက နေ့စဉ် လာရောက် ကျွေးမွေးလျှက်ရှိပါသည်။
သံဃာတော်များ၊ စေတနာရှင်များနှင့် ဆရာဆရာမများ က ပညာဒါနပြု သင်ကြားလျှက်ရှိပါသည်။ အမက- နန်တော်ပြင်တွင် ၁၂၉ ဦး၊ အမက-နန်းချောင်းတွင် ၁၂၀ ကျော် သင်ကြားလျှက်ရှိသည်ကို ၀မ်းမြောက်ဘွယ် တွေ့ရှိခဲ့ရပါသည်။
နိုင်ငံ့တာဝန် ဆက်လက် ယူကြမည့် မျိုးဆက်သစ်များ၏ ရင်ထဲတွင် ယဉ်ကျေး လိမ္မာ စိတ်ဓာတ်ကောင်းများ ကိန်းအောင်း ပါသွားစေရန် အခြားနေရာများတွင်ပါ ဖွင့်လှစ် ပေးကြရန် တိုက်တွန်း အပ်ပါသည်။