အိုဘားမား၏ အစ္စရေးခရီးစဉ်အတွင်း အမေရိကန်သမ္မတ စီးနင်း လိုက်ပါလေ့ရှိသည့် "Beast" ကျည်ကာဇိမ်ခံ မော်တော်ကားများ
အနက်မှ တစ်စီးမှာ လောင်စာဆီ မှားယွင်းထည့်မှုကြောင့် စက်ချွတ်ယွင်းမှုဖြစ်ခဲ့ကြောင်း သိရသည်။
စက်ချွတ်ယွင်းမှု ဖြစ်ပေါ်သည့်ကားမှာ ဝါရှင်တန်မှ တိုက်ရိုက် သယ်ဆောင် လာခဲ့ခြင်းဖြစ်ပြီး အိုဘားမား၏ သုံးရက်ကြာ ခရီးစဉ်စဉ်အတွင်း ပထမဆုံး မမျှော်လင့်သည့်ချွတ်ယွင်းမှု ကြုံရခြင်းလည်းဖြစ်သည်။
ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက တဲလ်အဗစ်မြို့ရှိ ဘင်ဂူရီယန်လေဆိပ်တွင် ရပ်နားထားစဉ် ဓာတ်ဆီအစား ဒီဇယ်ထည့်မိသဖြင့် စက်ချွတ်ယွင်းမှု
ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
Planet Myanmar Network