ရခိုင်ပြည်အရေးကိစ္စနှင့် ပတ်သက်၍ ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်များ ရှင်းလင်းပွဲကို လာမည့် မတ်လ (၉)ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
" သမိုင်းရှင်းလင်းပွဲပြုလုပ်ရတဲ့
ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်းပွဲသို့ နယ်သာလန်၊ ပြင်သစ်၊ ဂျပန်မှ ဒေါက်တာအေးချမ်း၊ ပြည်တွင်းမှ RNDP ဥက္ကဌ ဒေါက်တာအေးမောင်၊ ALD ဥက္ကဌ ဦးအေးသာအောင် အပါအ၀င် Eleven Media Group၊ Sky Net ရုပ်သံစသော သတင်းမီဒီယာများနှင့် ALP အပါအ၀င် အဖွဲ့အစည်း ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ပြီး 88 မှ ကိုကိုကြီး၊ ကိုမြအေး၊ ဘန်ကောက်ရှိ UK သံရုံး၊ USA သံရုံး၊ အာစီယံ သံရုံးများအပြင် Bangadesh၊ India သံရုံးများ၊ ဘန်ကောက်ရှိတက္ကသိုလ်များမှ Professor များ၊ စိတ်ပါဝင်စားသည့် ကျောင်းသား၊ ကျောင်းသူများနှင့် သတင်းမီဒီယာများအားလည်း ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
