NLD ညီလာခံ ကိုယ်စားလှယ် (၄) ဦး အား ကိုယ်စားလှယ် အဖြစ်မှ ရပ်နား

Tuesday, 05 March 2013

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
အမှတ် (၉၇ /ခ ) အနောက်ရွှေဂုံတိုင် လမ်း
ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့
ညီလာခံကျင်းပရေးဗဟို ကော်မရှင်

ရက်စွဲ - ၂၀၁၃ ခုနှစ် ၊ မတ်လ (၅)ရက်

ကြေညာချက်

အောက်ပါ ပုဂ္ဂိုလ်တို့သည် အဖွဲ့ချုပ် အတွင်း ညီညွတ်ရေးကို ပြိုကွဲ ပျက်စီးစေမည့် အပြုအမူ ၊ အပြောအဆို၊ လှုပ်ရှားမှုများ ပြုလုပ်သည်ဟု ခိုင်လုံသော သတင်းရရှိ ထားသဖြင့် အဖွဲချုပ် က မတ်လ ၂၀၁၃ ခုနှစ်
၈ ရက် ၊ ၉ ရက် ၊ ၁၀ ရက် နေ့များတွင် ကျင်းပမည့် နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ် အဖြစ်မှ ရပ်စဲ လိုက်ကြောင်း ကြေညာလိုက်သည်။

၁။ ဦးခင်မောင်ဝင်း ဥက္ကဌ (ဗဟို ညီလာခံ ကိုယ်စားလှယ်)
အလုပ်အမှုဆောင်အဖွဲ့ ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ၊လမ်းမတော် မြို့နယ်

၂။ ဦးသန့်ဇင် ဗဟိုညီလာခံကိုယ်စားလှယ်
အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ၊၊ရွှေပြည်သာ မြို့နယ်

၃။ ဦးခင်မောင်ရှိန် ဥက္ကဌ (ဗဟို ညီလာခံ ကိုယ်စားလှယ် )
အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ၊မြောက်ပိုင်းခရိုင် ၊ ရန်ကုန်တိုင်းဒေသကြီး

၎။ ဒေါ်မိမိကြီး ဗဟို ညီလာခံ ကိုယ်စားလှယ်
အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ၊ ကောလင်း မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

၎.၃.၂၀၁၃ ရက်နေ့တွင် ကျင်းပသော ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင် အစည်းအဝေးဆုံးဖြတ်ချက် အရ

ညီလာခံ ကျင်းပရေး ဗဟိုကော်မရှင်
NLD Congress

SHARE THIS
Previous Post
Next Post