05 MARCH 2013
ဘင်္ဂလား ပင်လယ်အော်ရှိ ကြွယ်ဝသော ဓာတ်ငွေ့သိုက် များရှိရာမှ ကီလိုမီတာ ၁၀၀ အကွာတွင် တည်ရှိပြီး ရေအနက်၂၅မီတာ ခန့်ရှိသည့် သဘာဝဆိပ်ကမ်း တစ်ခုကို မျက်နှာချင်းဆိုင် ထားသည့်အပြင် အိန္ဒိယ သမုဒ္ဒရာသို့ သဘောင်္ လမ်းကြောင်းမှ တဆင့် အာဖရိကနှင့် အရှေ့ အလယ်ပိုင်းသို့ လမ်းကြောင်းများကို ပေးအပ်ထားသည့် ကျောက်ဖြူမြို့နယ်သည် စင်္ကာပူကျွန်း နိုင်ငံ၏ စီးပွားရေး အောင်မြင်မှုကို ပုံတူကူးရန် အဆင်သင့်ရှိနေပါပြီ။ ကျောက်ဖြူမြို့ နယ်၏ မဟာဗျူဟာ မြောက်နေရာကျမှုနှင့်ရေနံ ဓာတ်ငွေ့၊ သဘာဝရင်းမြစ်များ နီးကပ်စွာ တည်ရှိ နေခြင်းတို့ကြောင့် တရုတ်နှင့် တောင်ကိုရီးယားတို့မှ ဒေါ်လာဘီလီယံနှင့် ချီသည့် ရင်းနှီးမြုပ်နှံမှုများကို လုပ်ကိုင်လို ကြသည့်အပြင် တရုတ်နိုင်ငံက ကျောက်ဖြူနှင့် ကူမင်းကို ဆက်သွယ်မည့် အပြိုင်သွယ်တန်း ထားသောအရှည် ၁၂၁၅ ကီလိုမီတာ ရှိသော ရထားလမ်းနှင့် အဝေးပြေးကား လမ်းတို့ကို တည်ဆောက်ထားရန် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။
ယင်းစီမံကိန်းသည် ထူးခြားသော တည်ရှိမှုတစ်ခုဖြစ်သလို အစိုးရကိုယ်တိုင်က ယခင်စီမံကိန်းများနှင့်မတူဘဲ
ဒေသခံများ၏ အကြံပေး ညှိနှိုင်းမှုများကို လက်ခံဆောင်ရွက်နေခြင်းသည်
ကျောက်ဖြူမြို့နယ် ဖွံဖြိုးရန် လမ်းစတစ်ခုဖြစ်နေသည်။ ကျောက်ဖြူမြို့နယ်သည်
တရုတ်-မြန်မာ၊ ရေနံ၊ သဘ၀ဓာတ်ငွေ့ ပေးရေးစီမံကိန်းကြီးအတွက်
အသက်သွေးကြောကြီး တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံ အတွင်းရှိ အထူးစီးပွားရေး
ဇုန်ဥပဒေသစ်ကို အထက်ပါ စီမံကိန်းကြီး တည်ဆောက်ရန် တင်ဒါ ခေါ်ယူလုပ်ကိုင်
မှုများရှိလာမည်ဖြစ်သည်။ ကျောက်ဖြူမြို့သည် စီးပွားရေးအရ ဖွံ့ဖြိုးလာရန်
အခွင့်အလမ်း ကောင်းများ ရှိနေခြင်းကြောင့် ရင်းနှီးမြုပ်နှံသူများကလည်း
ဝင်ရောက်လိုကြငည်။ ရင်းနှီးမြုပ်နှံမှုသည် ကျောက်မြူမြို့တွင် အခြေကျလာ
သည်နှင့်အမျှ မြို့သည်လည်း တစ်စတစ်စ တိုးတက်လာဖွယ်ရှိသည်၊
ကျောက်ဖြူမြို့နယ် ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ပက်သက်ပြီး ဆန္ဒပြ
ကန့်ကွက်မှု ရှိနေသော်လည်း အစိုးရ၏ လမ်းကြောင်းမှန်ပေါ် သွားနေသည့်အပြင်
ဒေသခံပြည်သူများနှင့် တိုင်ပင်ဆွေးနွေး သလို ပြည့်သူ့အသံကိုလည်း
နားထောင်ဆောင် ရွက်နေခြင်းကြောင့် အမှားအယွင်းနည်းနိုင်မည်ဟု
မြန်မာ့မြို့ပြရေး စီမံကိန်း ပညာရှင်တစ်ဦးက လည်းသုံးသပ်သည်။
ကျောက်ဖြူမြို့၏ အစောပိုင်း ရင်းနှီးမြုပ်နှံမှုများတွင်
တရုတ် Compnay CNPC ကစာသင်ကျောင်းများ၊ ဆေးရုံများ တည်ဆောက်ရေး၊
ရမ်းမရီးကျွန်း၏ အဓိကရွာကြီး ၅ ရွာ အတွက် ရေချိုနှင့်သောက်သုံးရေ
ထုတ်လုပ်ရေး စက်များတည်ထောင် ပေးခြင်းတို့အတွက် ဒေါ်လာ၁၀သန်းကျော်
သုံးစွဲပေးထားပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်
စီစဉ်နေခြင်းမှာ ရင်းနှီးမြုပ်နှံမှု ကြီးမားစွာပြုနိုင်ရန်
အစပြုနေခြင်းဖြစ်သည်။ CNPC စက်ရုံအဆောက်အအုံအတွင်းလုပ် သားပေါင်း
၁၈၀၀ရှိသည့် အနက်မြန်မာလုပ်သား ၄၀၀ခန့်သာ ရှိပြီး ကျန်အားလုံးမှာ
တရုတ်လုပ်သား၊ တရုတ်ပညာရှင်များ သာဖြစ်နေသည်ကို သတိပြုရန်တော့ လိုအပ်သည်။
ကျောက်ဖြူမြို့နယ်တွင် အထူးစီးပွားရေးဇုန် တစ်ရပ်တည်ဆောက်ရေး အတွက်
ရည်မှန်းချက်ကြီးများပြီး စီမံကိန်းတစ်ခု ရေးဆွဲခဲ့ပြီးဖြစ်ရာ ယင်းဇုန်တွင်
ကူးသန်းရောင်းဝယ်ရေး၊ ရေနက် ဆိပ်ကမ်းတစ်ခု၊ လျှပ်စစ်ဓာတ်အားပေး
စက်ရုံတစ်ရုံ၊ နိုင်ငံတကာလေဆိပ်တစ်ခု၊ ကျောက်ဖြူနှင့်တရုတ်ပြည်
အနောက်တောင်ပိုင်းသို့ ဆက်သွယ်မည့် အဝေးပြေးလမ်းမကြီးနှင့် ရထားလမ်းမတစ်ခု
ပါဝင်နေသည်။ အကယ်လို့သာ ယင်းစီမံကိန်းများ အောင်မြင်စွာ ပြီးဆုံးသွားပါက
တစ်ရက်လျှင် တစ်ဒေါ်လာနှုန်းဖြင့် သာဝင်ငွေရှိနေသည့် ကျောက်ဖြူဒေသခံများအတွက်
အလုပ်အကိုင် နေရာပေါင်း ၂၅၀၀၀ခန့် ဖန်တီးပေးနိုင်မည်ဖြစ်သေြာေ ကာင့် ကျောက်ဖြူမြို့နယ်စည် စင်္ကာပူနိုင်ငံ၏ ဖွံ့ဖြိုးနေသောစီးပွားရေးကို ပုံတူကူး ချနိုင်မည့် နေရာဒေသတစ်ခု ပင်ဖြစ်ပါတော့မည်။
မှ ( ရိုးရာလေး
ဘင်္ဂလား ပင်လယ်အော်ရှိ ကြွယ်ဝသော ဓာတ်ငွေ့သိုက် များရှိရာမှ ကီလိုမီတာ ၁၀၀ အကွာတွင် တည်ရှိပြီး ရေအနက်၂၅မီတာ ခန့်ရှိသည့် သဘာဝဆိပ်ကမ်း တစ်ခုကို မျက်နှာချင်းဆိုင် ထားသည့်အပြင် အိန္ဒိယ သမုဒ္ဒရာသို့ သဘောင်္ လမ်းကြောင်းမှ တဆင့် အာဖရိကနှင့် အရှေ့ အလယ်ပိုင်းသို့ လမ်းကြောင်းများကို ပေးအပ်ထားသည့် ကျောက်ဖြူမြို့နယ်သည် စင်္ကာပူကျွန်း နိုင်ငံ၏ စီးပွားရေး အောင်မြင်မှုကို ပုံတူကူးရန် အဆင်သင့်ရှိနေပါပြီ။ ကျောက်ဖြူမြို့ နယ်၏ မဟာဗျူဟာ မြောက်နေရာကျမှုနှင့်ရေနံ ဓာတ်ငွေ့၊ သဘာဝရင်းမြစ်များ နီးကပ်စွာ တည်ရှိ နေခြင်းတို့ကြောင့် တရုတ်နှင့် တောင်ကိုရီးယားတို့မှ ဒေါ်လာဘီလီယံနှင့် ချီသည့် ရင်းနှီးမြုပ်နှံမှုများကို လုပ်ကိုင်လို ကြသည့်အပြင် တရုတ်နိုင်ငံက ကျောက်ဖြူနှင့် ကူမင်းကို ဆက်သွယ်မည့် အပြိုင်သွယ်တန်း ထားသောအရှည် ၁၂၁၅ ကီလိုမီတာ ရှိသော ရထားလမ်းနှင့် အဝေးပြေးကား လမ်းတို့ကို တည်ဆောက်ထားရန် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်။
ယင်းစီမံကိန်းသည် ထူးခြားသော တည်ရှိမှုတစ်ခုဖြစ်သလို အစိုးရကိုယ်တိုင်က ယခင်စီမံကိန်းများနှင့်မတူဘ
ကျောက်ဖြူမြို့၏ အစောပိုင်း ရင်းနှီးမြုပ်နှံမှုများတွင်
မှ ( ရိုးရာလေး