လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံ လွမ်ပရာဘွမ် မြို့၌ ရောက်ရှိနေသော
ဒုတိယ သမ္မတ ဒေါက်တာစိုင်း မောက်ခမ်းအား လွမ်ပရာဘွမ် ပြည်နယ်
အုပ်ချုပ်ရေးမှူး H.E. Dr. Khem-pheng Xay Sompheng က ယမန်နေ့ နံနက် ၁၁
နာရီက လွမ်ပရာဘွမ် ပြည်နယ် အုပ်ချုပ်ရေး မှူးရုံး ဧည့်ခန်းမ၌
လာရောက်တွေ့ဆုံ နှုတ်ဆက်သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်
လာအိုနိုင်ငံ လွမ်ပရာဘွမ် ပြည်နယ်တို့ အကြား လူမှုရေး၊ စီးပွားရေး၊
ယဉ်ကျေးမှုနှင့် ခရီးသွား လုပ်ငန်းတို့၌ အပြန်အလှန် ပူးပေါင်း
ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံပြည်သူများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု
တိုးမြှင့်ခိုင်မာရေး ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီး ခင်မင်စွာ
ဆွေးနွေးကြသည်။
ယင်းသို့
တွေ့ဆုံရာတွင် ဒုတိယ သမ္မတ နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးစိုးမောင်၊ ဒုတိယ
ဝန်ကြီးများ ဖြစ်ကြသော ဦးသန့်ကျော်၊ ဒေါက်တာ ဒေါ်ခင်စန်းရီနှင့်
ဦးစိုးတင့်၊ လာအိုနိုင်ငံ ဆိုင်ရာ မြန် မာနိုင်ငံ သံအမတ်ကြီး
ဦးကျော်စိုးဝင်း နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး လွမ်ပရာဘွမ် ပြည်နယ်
အုပ်ချုပ်ရေးမှူး နှင့်အတူ ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး၊ လာအို နိုင်ငံ
ပြည်ထဲရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီးနှင့် လွမ်ပရာဘွမ် ပြည်နယ် အစိုးရ
အဖွဲ့မှ တာဝန်ရှိ သူများ တက်ရောက် ကြသည်။
မွန်းလွဲပိုင်းတွင်
ဒုတိယ သမ္မတ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ဝင်များအား လွမ်ပရာဘွမ် ပြည်နယ်
အုပ်ချုပ်ရေးမှူးက Manoluck ဟိုတယ်၌ ဂုဏ်ပြု နေ့လယ်စာ စားပွဲဖြင့် တည်ခင်း
ဧည့်ခံ သည်။
မြ၀တီ
SHARE THIS