လွန်ခဲ့တဲ့ ၃ နှစ်က Nokia နဲ့ Apple လည်းမတည့်ကြပါဘူး။ တရားရုံးမှာ
မူပိုင်ခွင့်အတွက် တစ်ကြပ်ကြပ်တွေဖြစ်ပေမယ့် သူတို့ထက် ဆိုးတယ်လို့ ယူဆရတဲ့
Samsung နဲ့တွေ့ တော့ ချစ်ကြည်ရေး ယူသွားပါပြီ။ အခုက Samsung နဲ့ Nokia
တို့ တရားရင်ဆိုင်နေသလို၊ Samsung နဲ့ Apple တို့လည်း မူပိုင်ခွင့်အတွက်
ရင်ဆိုင်နေကြပါတယ်။
ဒီလိုရင်ဆိုင်နေချိန်က ဖင်လန်နိုင်ငံအခြေဆိုက် Nokia က အမေရိကန်
ပြည်ထောင်စု အခြေဆိုက် Apple နဲ့ တရားရုံးမှာ အပြန်အလှန်
ထွက်ဆို၊ထောက်ခံပေးနိုင်ဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒီတော့ Patent နဲ့
ပက်သက်လို့ Nokia နဲ့ Apple ကြား ငြိမ်းချမ်းရေး ယူပြီးသလို ဖြစ်သွား ပြီး
Samsung နဲ့ကျတော့ အပီအပြင်တိုက်ခိုက်တော့မယ့် သဘော ရှိပါတယ်။ ယခု
နှစ်အတွင်းမှာပဲ Samsung, Nokia, Apple ကုမ္မဏီ သုံးခုလုံး အမေရိကန်
ပြည်ထောင်စုက တရားရုံးမှာ မူပိုင်ခွင့်နဲ့ ပက်သက်လို့ တရား ရင်ဆိုင်စရာ
ရှိနေကြောင်း သိရပါတယ်။
-
TechSpace Journal