Goal.com ၏ စင်္ကာပူ အခြေစိုက် ပရိသတ် စစ်တမ်း တစ်ခုတွင် ကောက်ယူ မှု အရ (2013) AFF Award ပရိသတ် အကြိုက်ဆုံး ကစားသမား အဖြစ် မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူး ကြည်လင်းက မဲ အများဆုံး ရရှိ ခဲ့ကြောင်း သိရှိ ရသည်။
ရန်ကုန် ယူနိုက်တက် အသင်းတွင် ကစားနေသော ကြည်လင်း သည် ဖိလစ်ပိုင် လက်ရွေးစင် အီမီလီယို ကာလစ်ဒွန်၊ ထိုင်းနိုင်ငံမှ တီအာရာဆီလ် ဒန်ဒါနှင့် စင်္ကာပူမှ ရှာရီလ် အီရှက်ခ် တို့ကို ကျော်ဖြတ်ကာ Goal.com ၏ စစ်တမ်းတွင် မဲ အများဆုံး ရရှိခဲ့သည်။ တီအာရာဆီလ်သည် 2012 AFC Suzuki ဖိတ်ခေါ် ဖလား ပြိုင်ပွဲတွင် ရွှေဖိနပ် ဆုကို ရရှိခဲ့သူ ဖြစ်သည်။ အီရှက်ခ်မှာမူ အဆိုပါ ပြိုင်ပွဲ၏ တန်ဖိုး အရှိဆုံး ကစားသမား ဆုကို သိမ်းပိုက်နိုင် ခဲ့သည်။ မြန်မာ အသင်းသည် အုပ်စု အဆင့်မှပင် ထွက်ခွာ ခဲ့ရသည့်တိုင် ကြည်လင်း၏ ခြေစွမ်း ကိုမူ ပရိသတ် အများစုက အသိအမှတ်ပြု နှစ်သက် ခဲ့ကြသည်။ ဖိလစ်ပိုင် အသင်းသည် အကြို ဗိုလ်လုပွဲတွင် စင်္ကာပူကို အရေးနိမ့်၍ ဗိုလ်လုပွဲ အဆင့်နှင့် ဝေးကွာ ခဲ့ရသည့်တိုင် ခါလစ်ဒွန် ကိုမူ AFF အကောင်းဆုံး ဆန်ခါတင် (၄)ဦး စာရင်းတွင် ထည့်သွင်း ရွေးချယ် ခဲ့သည်။ အဆိုပါ ကွင်းလယ် ကစားသမား သည် ပြိုင်ပွဲတွင် နာမည်ကြီး လှသူ မဟုတ်ဘဲ အများအားဖြင့် လူစားဝင် ကစားသမား အဖြစ်သာ ကစား ခဲ့ရပြီး ပြိုင်ပွဲ၏ အကောင်းဆုံး (၁၁)ဦး စာရင်း တွင်လည်း မပါဝင် ခဲ့ဟု သိရှိ ရသည်။ Goal.com စာဖတ် ပရိသတ်၏ စစ်တမ်း အရမူ ကြည်လင်းသည် မဲအရေ အတွက် (၅၀)ရာခိုင်နှုန်း အထက် ရခဲ့ပြီး ခါလစ်ဒွန် ကမူ (၃၀)ရာခိုင်နှုန်း အထက် ရရှိ ခဲ့သည်။
ယခုစစ်တမ်း အတွက် လူပေါင်း (၃၀၀၀)ကျော် ပါဝင် မဲပေး ခဲ့ကြပြီး လူငယ် တိုက်စစ်သမား ကြည်လင်း ကို အများဆုံး ထောက်ခံ ခဲ့သည်မှာ မြန်မာနိုင်ငံမှ Online သုံးစွဲသူ အများစုဖြစ်ကြောင်းလည်း Goal.com က ဖော်ပြ သွားသည်။
Source: goal