မန်ယူအသင်းမှ တိုက်စစ်မှူး ၀ိန်းရွန်နီကို မန်စီးတီးအသင်းက
ပြောင်းရွှေ့ကြေး ပေါင်သန်း(၇၀)ဖြင့် ၀ယ်ယူရန် ကမ်းလှမ်းခဲ့မှူ့အား
မန်ယူအသင်းက လက်ခံလိုက်ပြီး ဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်း၏ အဆိုအရ
သိရသည်။ ။
ထို့အတွက်ကြောင့် ရွန်နီသည် ယခုရာသီကုန်ဆုံးချိန်တွင် မန်ယူအသင်းမှ ထွက်ခွာတော့မည် ဖြစ်ပြီး နောက်ရာသီ မန်စီးတီး အသင်း၏ အစီအစဉ်များတွင် ပူးပေါင်းပါဝင်တော့မည် ဖြစ်ကြောင်း သိရသည်။ ။
မန်ယူအသင်း၏ ချန်ပီယံလိဂ် ပွဲစဉ် ရီးရဲလ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲထွက်လူစာရင်းတွင် ဖာဂူဆန်က ရွန်နီကို ချန်လှပ်ခဲ့ပြီးနောက်ပိုင်း ရွန်နီနှင့် မန်ယူအသင်းတို့ လမ်းခွဲကြတော့မည်ဟု့ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် ခဲ့စဉ်က ဖာဂူဆန်က ထိုသတင်းများကို ကောလဟာလ သတင်းများသာ ဖြစ်ကြောင်း၊ ရွန်နီ မန်ယူအသင်းမှာ ဆက်ရှိနေမည် ဖြစ်ကြောင်း ရှင်းလင်းခဲ့ပေမယ့် ယခုနောက်ဆုံးမှာတော့ ရွန်နီကို မန်စီးတီး အသင်းထံသို့ ရောင်းချရန် သဘောတူလိုက်ပြီး ဖြစ်သည်။ ။
ပြီးခဲ့သည့် တစ်နှစ်ကလည်း ရွန်နီက မန်ယူအသင်းမှ ထွက်ခွာရန် တောင်းဆိုခဲ့ဖူးပြီး၊ မန်စီးတီးသို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့သေးသည်။ ထိုစဉ်က ဖာဂူဆန်က ရွန်နီကို ဖျောင်းဖျနားချနိုင်ခဲ့ပြီး တစ်ပတ်ပေါင် (၂၅၀,၀၀၀)ပေးကာ စာချုပ်သစ် ချုပ်ဆိုခဲ့သည်။ ယခုအချိန်မှာတော့ မန်စီးတီးအသင်းက ရွန်နီအား တစ်ပတ်လုပ်ခ ပေါင်(၃၅၀,၀၀၀) အပြင် ပုံရိပ်ကျော်ကြားမှူ့မှ အကျိုးခံစားခွင့်၊ ဆုဖလားရရှိမှူ့၊ ပွဲထွက် ကစားမှူ့တို့အပေါ် မူတည်၍ အပိုဆုကြေးများ ချီးမြှင့်သွားမည် ဟူသော ကမ်းလှမ်းချက်များဖြင့် ရွန်နီအား စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ ။
ထို့အပြင် မန်စီးတီးအသင်းသည် ရီးရဲလ်အသင်းမှ ယခုရာသီ ကုန်ဆုံးချိန်တွင် ထွက်ခွာတော့မည်ဟု့ သတင်းထွက်နေသည့် မော်ရင်ညိုကိုလည်း လက်ရှိနည်းပြ မန်ချီနီ၏ နေရာတွင် အစားထိုးရန်အတွက် ရီးရဲလ်အသင်းနှင့် စေ့စပ်ဆွေးနွေးမှူ့များ ပြုလုပ်နေကြောင်း၊ အကြိုသဘောတူညီမှူ့ တစ်ရပ် ရရှိထားပြီးဖြစ်ကြောင်း၊ မော်ရင်ညိုနှင့်အတူ စီရော်နယ်လ်ဒိုကိုပါ အရခေါ်ယူဖို့ ကြိုးစားနေကြောင်း၊ မန်စီးတီး အသင်းကို ကြယ်စင်စု ကစားသမားတို့ဖြင့် အသစ်ပြန်လည် တည်ဆောက်သွားရန် စီစဉ်နေကြောင်း မန်ချက်စတာ ညနေခင်း သတင်းက ဖော်ပြသွားသည်။ ။
ထို့အတွက်ကြောင့် ရွန်နီသည် ယခုရာသီကုန်ဆုံးချိန်တွင် မန်ယူအသင်းမှ ထွက်ခွာတော့မည် ဖြစ်ပြီး နောက်ရာသီ မန်စီးတီး အသင်း၏ အစီအစဉ်များတွင် ပူးပေါင်းပါဝင်တော့မည် ဖြစ်ကြောင်း သိရသည်။ ။
မန်ယူအသင်း၏ ချန်ပီယံလိဂ် ပွဲစဉ် ရီးရဲလ်အသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ပွဲထွက်လူစာရင်းတွင် ဖာဂူဆန်က ရွန်နီကို ချန်လှပ်ခဲ့ပြီးနောက်ပိုင်း ရွန်နီနှင့် မန်ယူအသင်းတို့ လမ်းခွဲကြတော့မည်ဟု့ သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် ခဲ့စဉ်က ဖာဂူဆန်က ထိုသတင်းများကို ကောလဟာလ သတင်းများသာ ဖြစ်ကြောင်း၊ ရွန်နီ မန်ယူအသင်းမှာ ဆက်ရှိနေမည် ဖြစ်ကြောင်း ရှင်းလင်းခဲ့ပေမယ့် ယခုနောက်ဆုံးမှာတော့ ရွန်နီကို မန်စီးတီး အသင်းထံသို့ ရောင်းချရန် သဘောတူလိုက်ပြီး ဖြစ်သည်။ ။
ပြီးခဲ့သည့် တစ်နှစ်ကလည်း ရွန်နီက မန်ယူအသင်းမှ ထွက်ခွာရန် တောင်းဆိုခဲ့ဖူးပြီး၊ မန်စီးတီးသို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့သေးသည်။ ထိုစဉ်က ဖာဂူဆန်က ရွန်နီကို ဖျောင်းဖျနားချနိုင်ခဲ့ပြီး တစ်ပတ်ပေါင် (၂၅၀,၀၀၀)ပေးကာ စာချုပ်သစ် ချုပ်ဆိုခဲ့သည်။ ယခုအချိန်မှာတော့ မန်စီးတီးအသင်းက ရွန်နီအား တစ်ပတ်လုပ်ခ ပေါင်(၃၅၀,၀၀၀) အပြင် ပုံရိပ်ကျော်ကြားမှူ့မှ အကျိုးခံစားခွင့်၊ ဆုဖလားရရှိမှူ့၊ ပွဲထွက် ကစားမှူ့တို့အပေါ် မူတည်၍ အပိုဆုကြေးများ ချီးမြှင့်သွားမည် ဟူသော ကမ်းလှမ်းချက်များဖြင့် ရွန်နီအား စည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။