နျူကလီးယား အရေးကိစ္စနှင့် ပတ်သက်၍ မြောက်ကိုရီးယား နိုင်ငံနှင့် တရုတ်နိုင်ငံ တင်းမာမှုများ မြင့်တက်

နျူကလီးယား အရေးကိစ္စနှင့် ပတ်သက်၍ တင်းမာမှုများ မြင့်တက်လာချိန်တွင် မြောက်ကိုရီးယား နိုင်ငံနှင့် တရုတ်နိုင်ငံ အကြားရှိ အကြီးမားဆုံး နယ်စပ် ဖြတ်ကျော်ရေး ဂိတ်အား ကမ္ဘာလှည့် ခရီးသွားများ ဝင်ထွက် မှုမရှိစေရန် ပိတ်ပင်ခဲ့ပါသည်။

သို့သော် စီးပွားရေး လုပ်ငန်း ရှင်များကို ဖြတ်သန်းခွင့် ပြုခဲ့သည်ဟု တရုတ်အရာရှိ တစ်ဦးက ဧပြီလ ၁ဝ ရက်နေ့တွင် ထုတ်ြပန် ကြေညာခဲ့ပါသည်။ မြောက်ကိုရီးယား အစိုးရမှ နိုင်ငံခြားသား များအား နိုင်ငံအတွင်းမှ ထွက်ခွာရန် ပြောကြားခဲ့သည့် အချိန်ကတည်းက ခရီးသွား အေဂျင်စီများ အနေဖြင့် ကမ္ဘာလှည့် ခရီးသည်များအား မြောက်ကိုရီးယား နိုင်ငံသို့ ပို့ဆောင်ခွင့် မရှိတော့ကြောင်း နှစ်နိုင်ငံ နယ်စပ်ရှိ Dandong နယ်စပ်ရုံးမှ အမည်မဖော် လိုသူအရာရှိ တစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

ကမ္ဘာလှည့် ခရီးသွားများအား မြောက်ကိုရီးယား နိုင်ငံသို့ ဝင်ရောက်ခွင့် မပြုသော်လည်း စီးပွားရေး လုပ်ငန်းရှင် များအား မြောက်ကိုရီးယား နိုင်ငံအတွင်းသို့ လွတ်လပ်စွာ ဝင်ထွက်ခွင့် ပြုထားသည်ဟု သိရပါသည်။

မြောက်ကိုရီးယား နိုင်ငံ၌ တင်းမာမှုများ ဖြစ်ပေါ်နေသောကြောင့် ဧပြီလ ၁ဝ ရက်နေ့မှစ၍ ခရီးသွား အေဂျင်စီ များအနေဖြင့် ကမ္ဘာလှည့် ခရီးသွားများအား မြောက်ကိုရီးယား နိုင်ငံသို့ ပို့ဆောင်ခွင့် မရှိဟု ဒေသအာဏာပိုင် များမှ မိမိတို့အား ညွှန်ကြားလာခဲ့သည်ဟု ခရီးသွား အေဂျင်စီတစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့ပါသည်။

http://bit.ly/12L7L0F

SHARE THIS
Previous Post
Next Post