စစ်တွေတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရခိုင်သီချင်းအဆိုပြိုင်ပွဲကြီးအား ပုဒ်မ ၁၄၄ ကြောင့် မကျင်းပနိုင်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်
နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ရခိုင်သီချင်းအဆိုပြိုင်ပွဲကြီးအား ယခုနှစ် တွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသောကြောင့် ကျင်းပနိုင်ခြင်းမရှိကြောင်း သိရသည်။

စစ်တွေတွင် ၂ဝ၁၂ ခုနှစ်အတွင်း ဆူပူအကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် အတွက် ည ၁ဝ နာရီမှ နံနက် ၅ နာရီအတွင်းညမထွက်ရ(ပုဒ်မ၁၄၄)အမိန့်ကိုထုတ်ပြန်ထားရှိဆဲဖြစ်ရာနှစ်စဉ်ကျင်းပမြဲ
ဖြစ်သည့်အဆိုပါရခိုင်သီချင်းအဆိုပြိုင်ပွဲကြီးအား ယခုနှစ်အတွင်းလည်း စဉ်လာမ
ပျက်ကျင်းပနိုင်ရန်ပြိုင်ပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူများသည် မတ်လ ၂၆ ရက်နေ့ကမြို့နယ်အုပ်ချုပ်ရေးမှူးအပါ အဝင် ဒေသအာဏာပိုင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ည၁ဝကျော် လျှင် ဖမ်းမည်ဟုပြောဆိုလိုက်
သည့်အတွက် အဆိုပါပွဲတော်ကြီးအား
ယခုနှစ်အတွင်းကျင်းပရန်လုံးဝဖြစ်နိုင်တော့မည်မဟုတ်ကြောင်း ပြိုင်ပွဲ ကျင်းပရေးကော်မတီနာယကဖြစ်သူ ဦးအလှရွှေကပြောသည်။
“စစ်တွေမှာဆူပူအကြမ်းဖက်မှုတွေဖြစ်ပွားခဲ့
တဲ့အတွက် ညမထွက်ရအမိန့်(ပုဒ်မ ၁၄၄) ထုတ်ထားတော့ ပွဲကျင်းပနိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ မယကအုပ်ချုပ်ရေးမှူးနဲ့သွားတွေ့ပြီးအကြံတောင်း ပါတယ်။ သူက ဘာပြောလဲဆိုတော့ ခုအခြေအနေက သိပ်ပြီးစိတ်ချရတဲ့အနေ အထားမဟုတ်တဲ့အတွက် ည ၁ဝ နာရီထက် ပိုပြီးခွင့်မပြုနိုင်ဘူး။၁ဝနာရီ ကျော်ရင် ဥပဒေဘောင်အပြင်ဘက် ကိုရောက်သွားပြီဖြစ်တဲ့အတွက်
ဖမ်းမယ်။ ဥပဒေအရအရေးယူမယ်လို့ သူကပြောတယ်။ အားလုံးကတော့ စိတ်မကောင်းကြပါဘူး။ လုပ်ချင်တဲ့ဆန္ဒတော့ရှိကြပါတယ်”ဟု ယင်းက ပြောသည်။

အဆိုပါရခိုင်သီချင်းအဆိုပြိုင်ပွဲကြီးအား စစ်တွေမြို့၊ထန်းပင်ရင်းလူငယ်စာကြည့်တိုက်အဖွဲ့မှဦးဆောင် ၍ ၁၉၉ဝ ခုနှစ်စတင်ကာ စဉ်လာမပျက်ကျင်းပလာခဲ့ရာ ၂၃ကြိမ်မြောက်အထိကျင်းပနိုင်ခဲ့ပြီဖြစ်ပြီး ပြိုင်ပွဲသို့ စစ်တွေမြို့နယ်အပါအဝင် ရခိုင်တစ်ပြည်နယ်လုံးမှအဆိုဝါသနာရှင်ဦး
ရေ ၈ဝ မှ ၉ဝ ဝန်းကျင်အထိ လာရောက်
သီဆိုပြိုင်ပွဲဝင်တတ်ကြကြောင်းနှင့် အသက်
၁၈ နှစ်ပြည့်ပြီးသူတိုင်းကျားမအရွယ်မရွေး
ဝင်ရောက် ယှဉ်ပြိုင် နိုင်ကြောင်းလည်း သိရသည်။ ယင်းပြိုင်ပွဲကြီးကို ပြည်နယ်တစ်ခွင် ရခိုင်သံစဉ်ပေါ်ထွန်းခြင်း၊ ရခိုင် သီချင်းကို တိုင်းရင်းသားတိုင်း နားလည် ခံစားနိုင်ခြင်း၊ ပြည်နယ်
ယဉ်ကျေးမှုထွန်းကားခြင်းနှင့် ထိန်းသိမ်းခြင်း၊ရွက်ပုန်းသီး အဆိုရှင်များပေါ်ထွန်းလာခြင်းစသည့်ရွည် ရွယ်ချက် ၄ ချက်ဖြင့် ကျင်းပရခြင်းဖြစ် ကြောင်း သိရသည်။
“ည ၁ဝ နာရီအမိန့်နဲ့ဆိုတော့ ဘယ်လိုမှပွဲလု
ပ်ဖို့စီစဉ်လို့မရတော့ပါဘူး။ ကျွန်တော်တို့က ပွဲလုပ်တယ် ဆိုရင် ည ၂ နာရီ၊ ၃ နာရီအထိဖြစ်သွားတာ။ ဒါ့ကြောင့် ဒီနှစ်တစ်နှစ်ကိုရပ်လိုက်တော့မယ်လို့ အားလုံးက သဘောတူ ဆုံးဖြတ်
ခဲ့ကြခြင်းဖြစ်ပါတယ်”ဟု ပြိုင်ပွဲကျင်းပရေး
ကော်မတီအတွင်းရေးမှူး ကိုနေထွန်းလင်းက ဆိုသည်။
“နှစ်တိုင်းလုပ်နေကျပွဲကို ဒီနှစ်မှာလည်း လုပ်ချင် တယ်။ ပြီးတော့ ကျွန်တော်တို့ရပ်ကွက်ကလူတွေဆို ဒီပွဲကိုအဓိကထားပြီးတော့လုပ်ကြတယ်။ ဒီပွဲတစ်ခုဖြစ် မြောက်ဖို့အတွက်လုပ်ကြ
တယ်။ သင်္ကြန်ကိုတောင်အဲလောက်မဟုတ်ဘူး
။ ဒီပွဲတစ်ခုတည်းကိုပဲ အားပေးပြီးတော့ စုစုရုံးရုံးလုပ်ကြပါတယ်။ပွဲမလုပ်ဖြစ်ဘူးဆ
ိုတော့ စိတ်မကောင်းဖြစ်ရပါတယ်”ဟု ရခိုင်သီချင်း အဆိုပြိုင်ပွဲကြီးမကျင်းပနိုင်သည့်အတွက် စိတ်မကောင်းဖြစ်ရပုံ ကို လမ်းမတော်တောင်ရပ် ကွက်(ထန်းပင်ရင်း ရပ်ကွက်)မှ ဒေသခံကိုဝတီမိုးပိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

From : RSV
(ဓာတ်ပုံ - ယမန်နှစ်ကကျင်းပပြုလုပ်ခဲ့သည့်
၂၃ ကြိမ်မြောက် ရခိုင်သီချင်းအဆိုပြိုင်ပွဲမြ
င်ကွင်း)

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post